အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေိ့ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေိ့ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်
 
နေပြည်တော်၊ ဩဂုတ် - ၆
 

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေိ့ပြိုင်ပွဲ ဖွင့်ပွဲကို ဇူလိုင် ၅ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက် လာကြသူများက တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ အဖွင့်ပွဲစဉ်ဖြစ်သည့် ကျီကုန်းတပ်နယ် အသင်းနှင့် ကလေးတပ်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေး ကြသည်။
အဆိုပါပြိုင်ပွဲအား တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်များမှ ပြိုင်ပွဲဝင် အသင်း ၁၀ သင်းဖြင့် ဩဂုတ် ၅ ရက်မှ ၁၁ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။