အန်ဒါလက်ချ်အသင်းမှ ကွင်းလယ်ကစားသမား လိုကွန်ဂါကို ပြောင်းရွှေ့ကြေးယူရို ၁  သန်းဖြင့် အာဆင်နယ်အသင်း အပြီးသတ်ခေါ်ယူ

အန်ဒါလက်ချ်အသင်းမှ ကွင်းလယ်ကစားသမား လိုကွန်ဂါကို ပြောင်းရွှေ့ကြေးယူရို ၁  သန်းဖြင့် အာဆင်နယ်အသင်း အပြီးသတ်ခေါ်ယူ

အာဆင်နယ်အသင်းသည် လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် ဒုတိယမြောက် ကစားသမား ခေါ်ယူမှုအဖြစ် အန်ဒါလက်ချ်အသင်းမှ ကွင်းလယ် ကစားသမား လိုကွန်ဂါကို ပြောင်းရွှေ့ကြေး ယူရို ၁၈ သန်းဖြင့် အပြီးသတ် ခေါ်ယူနိုင်ခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် အစောပိုင်းက ဘင်ဖီကာ အသင်းမှ တောင်ပံခံစစ်ကစားသမား တာဗာရက်စ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက်   ယခုအခါ  ကွင်းလယ်ကစား သမား လိုကွန်ဂါကို ဒုတိယမြောက်ကစားသမားအဖြစ် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် လိုကွန်ဂါအတွက် အန် ဒါလက်ချ်အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၁၇ ဒသမ ၅ သန်း  ချက်ချင်းပေးချေရမည်ဖြစ်ပြီး  ကျန်ရှိသည့် ပြောင်းရွှေ့ကြေးကို အပိုဆုကြေးအဖြစ်ပေးချေရမည် ဖြစ်ကာ ငါးနှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။

အသက် ၂၁ နှစ်အရွယ် လိုကွန်ဂါသည် ပြီးခဲ့သည့်ဘောလုံးရာသီက     အန်ဒါလက်ချ် အသင်း ခေါင်းဆောင်တာဝန်ယူပြီး အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနိုင်ခဲ့ သည့်အတွက်   ဂန္ထဝင်ကစားသမား အွန်နရီ၏အကြံပေးမှုနှင့်အတူ ခေါ်ယူခဲ့ခြင်းဖြစ်ကာ အစောပိုင်းကတည်းက    ကစားသမားနှင့်သဘော တူညီမှုရရှိခဲ့သော်လည်း ယခုအခါမှသာ အပြီးခေါ်ယူ ခဲ့ခြင်းဖြစ်ပြီး ကျောနံပါတ် (၂၃) ဝတ်ဆင်ကစားမည် ဖြစ်ကြောင်း သိရသည်။

Ref: Daily Mail