အပြောင်းအရွှေ့ကာလမပြီးဆုံးမီ ဝုဗ်အသင်းကွင်းလယ်ကစားသမား ရူဘင်နာဗက်ကို စတာလင်ပေါင် ၃၅ သန်းဖြင့် မန်ယူအသင်း ကမ်းလှမ်းမှုများစတင်

မန်ချက်စတာ၊ ဘောလုံး

မန်ယူအသင်းသည် အပြောင်းအရွှေ့ကာလပြီးဆုံးရန် နီးကပ်လာချိန်တွင် ဝုဗ်အသင်းကွင်းလယ်ကစားသမား ရူဘင်နာဗက်ကို  စတာလင်ပေါင် ၃၅ သန်းဖြင့် ကမ်းလှမ်းမှုများစတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသက် ၂၄  နှစ်အရွယ်   ရူဘင်နာဗက်သည် ၂၀၁၇ ခုနှစ်က  ပေါ်တိုအသင်းမှ  ဝုဗ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး နောက်ပိုင်း နှစ်များတွင် ဝုဗ်အသင်းနှင့် အကောင်းဆုံးခြေစွမ်းပြနိုင်ပြီးနောက် ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်း အများစု၏ စောင့်ကြည့်ခြင်း ခံခဲ့ရသည့်ကစားသမား တစ်ဦးဖြစ်သည်။

မန်ယူအသင်းက   အသင်းကွင်းလယ်ပိုင်းအတွက် အစောပိုင်းကတည်းက   ဝုဗ်အသင်းမှ ရူဘင်နာဗက်၊ အက်သလက်တီကို အသင်းမှ ဆောနီဂွက်နှင့် ရင်းနက်စ် အသင်းမှ ကာမာဗင်ဂါတို့ကိုစောင့်ကြည့်ခဲ့ပြီး ယခု အခါ ရူဘင်နာဗက်ကိုသာ  တရားဝင်ကမ်းလှမ်းမှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက လက်ရှိကစားသမားအပြောင်းအရွှေ့ကာလတွင် ခံစစ်ပိုင်းအတွက် ရီးယဲလ်မက်ဒရစ်အသင်းမှ  ဗာရာနီ၊  တိုက်စစ်ပိုင်း အတွက် ဒေါ့မွန်အသင်းမှ  ဆန်ချိုတို့ကိုခေါ်ယူခဲ့ပြီး နောက် ကွင်းလယ်ပိုင်းအတွက် မဖြစ်မနေကစားသမား တစ်ဦးခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။

မန်ယူအသင်းသည် ရူဘင်နာဗက်အတွက် တရားဝင် ကမ်းလှမ်းမှုများပြုလုပ်ခဲ့ပြီးနောက်တွင်လည်း အသင်းနှင့် အနာဂတ် မရေမရာဖြစ်နေသည့်    လင်ဂတ်ကို  စတာလင်ပေါင် သန်း ၂၀  ဖြင့် ရောင်းချရန်ပြင်ဆင်ခဲ့ပြီး   လက်ရှိတွင် ၎င်းကို ခေါ်ယူရန်ပြင် ဆင်နေသည့်  ဝက်စ်ဟမ်းအသင်းနှင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖွယ်ရှိ နေသည်။

ရူဘင်နာဗက်ကိုယ်တိုင်ကလည်း အစောပိုင်းကတည်းက ဝုဗ်အသင်းမှ တရားဝင်ထွက်ခွာခွင့်တောင်း ဆိုထားသူဖြစ်ပြီး ဝုဗ်အသင်းကလည်း ထိုက်သင့်သည့် ပြောင်းရွှေ့ကြေးရရှိလျှင်  ရောင်းချမည်ဟုထုတ်ပြန် ထားကာ မန်ယူအသင်း ကမ်းလှမ်း ထားသော စတာလင် ပေါင်  ၃၅ သန်းမှာ ၎င်းတို့အတွက် ထိုက်သင့်သည့် ပြောင်းရွှေ့ကြေးဖြစ်သောကြောင့် ယခုရက်ပိုင်းအတွင်း အပြောင်းအရွှေ့ဖြစ်မြောက်ဖွယ်ရှိကြောင်း သိရသည်။                  

Ref;The Athletic