အမေရိကန်က မန်ဝမ်ကျိုးအမှုနှင့်ပတ်သက်၍ အထင်အမြင်မှားစေသောပြောဆိုချက်များပြုလုပ်ထား

ပေကျင်း၊ နိုင်ငံရေး

အမေရိကန်အစိုးရအနေဖြင့် ဟွားဝေကုမ္ပဏီ၏ ဘဏ္ဍာရေးအမှုဆောင်ချုပ် မန်ဝမ်ကျိုးအမှုနှင့်ပတ်သက်၍ မှားယွင်းပြီး အထင် အမြင်မှားစေသော ပြောဆိုချက်များကိုပြုလုပ်ခဲ့ကြောင်း သက်သေအသစ်အရသိရသည်ဟု ဟွားဝေကုမ္ပဏီ အလုပ်အမှုဆောင် ဥပဒေအဖွဲ့က ထုတ်ပြန်ထားသည်။

ထိုဥပဒေအဖွဲ့သည် ဇွန် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင်ပြုလုပ်သော မန်ဝမ်ကျိုးကို ကနေဒါမှနေ၍ အမေရိကန်နိုင်ငံသို့ လွှဲပြောင်း ရေးကြားနာမှုအတွင်း စာမျက်နှာ ၃၀၀ ကျော်ရှိ အီးမေးများနှင့် ပြည်တွင်းဘဏ်စာရွက်စာတမ်းများပါဝင်သော HSBC ကုမ္ပဏီ၏ အချက်အလက်များကို တင်သွင်းခြင်းဖြစ်သည်။

အမေရိကန်အစိုးရက ကနေဒါတရားရုံးများအနေဖြင့် ကိုးကားနိုင်ရန်ဟုဆိုကာ ပေးအပ်ထားသည့် တရားရေးမှတ်တမ်း များက မှားယွင်းပြီး အထင်အမြင်မှားစေသောအရာများဖြစ်သည်ကို ထိုအချက်အလက်များတွင် တွေ့ရခြင်းဖြစ်သည်။ ထိုအချက်အလက် များအရ စကိုင်းကွန်းကုမ္ပဏီအပေါ် ဟွားဝေကုမ္ပဏီကထိန်းချုပ်မှုနှင့် အီရန်နိုင်ငံ၌ စကိုင်းကွန်းက ဟွားဝေနှင့်ပူးပေါင်း လုပ်ဆောင် သည့်လုပ်ငန်းများက HSBC ၏ထိပ်တန်းတာဝန်ရှိသူများထံမှ ရယူထားခြင်းမဟုတ်ကြောင်း၊ HSBC ၏ အန္တရာယ်ဖြစ်နိုင် ခြေသုံးသပ်မှုများသည် မှန်ကန်သောအချက်အလက်များအပေါ် အခြေခံထားခြင်းဖြစ်ကြောင်းနှင့် HSBC ၏ ထိပ်တန်းတာဝန် ရှိသူများက ဂုဏ်သတင်းကိုထိခိုက်စေသော   မည်သည့်သုံးသပ်မှုကိုမျှ လုပ်ဆောင်ရန်ခိုင်းစေထားခြင်းမရှိကြောင်း ကနေဒါရှိဟွား ဝေ ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားကြောင်း သိရသည်။

Ref: Bangkok Post