အမေရိကန်က USS Nimitz လေယာဉ်တင်သင်္ဘောကို ပင်လယ်ကွေ့၌ ဆက်လက်ထားရှိမည်

 

ဝါရှင်တန်၊ နိုင်ငံရေး

အမေရိကန်အစိုးရသည် ပင်လယ်ကွေ့ ၌  ဖြန့်ကြက်ထားသည့် USS Nimitz လေယာဉ်တင်သင်္ဘောကို နိုင်ငံသို့ပြန်ခေါ်မည်ဟု မကြာသေးခင်ကဆုံးဖြတ်ပြီးနောက် ယခုအခါ  ထိုဆုံးဖြတ်ချက်ကိုပြန်ပြင်ကာ  အဆိုပါသင်္ဘောကို မူလအတိုင်း ဆက်လက်ထားရှိမည်ဟု    ပြန်လည် ဆုံးဖြတ်လိုက်ကြောင်းသိရသည်။

မကြာသေးမီကဖြစ်ပေါ်ခဲ့သော အီရန်နိုင်ငံဘက်မှ   ခြိမ်းခြောက်မှုများကြောင့်  လေယာဉ်တင်သင်္ဘော ပြန်ခေါ်ရေးဆုံးဖြတ်ချက်ကို မူလအတိုင်း ပြန်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဇန်နဝါရီ ၃ ရက်တွင်ပြောသည်။

USS Nimitz သည် နိုဝင်ဘာလကုန်မှစတင်၍ ပင်လယ်ကွေ့ရှိရေပြင်အတွင်း ကင်းလှည့်မှုများ ဆောင်ရွက်ခြင်းဖြစ်သော်လည်း   ခရီးဝေးစစ်ဆင်ရေး တာဝန်ထမ်းဆောင်နေသည်မှာ ၁၀ လနီးပါး ကြာနေပြီ ဖြစ်သည့်အတွက် ထိုသင်္ဘောကိုပြန်ခေါ်ရန် အမေရိကန် ခေတ္တကာကွယ်ရေးဝန်ကြီး ခရစ္စတိုဖာမေလာက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

သို့သော်   အီရန်ခေါင်းဆောင်များက အမေရိကန်သမ္မတ   ဒေါ်နယ်ထရမ့်နှင့် အစိုးရတာဝန်ရှိသူများကို မကြာသေးမီက ခြိမ်းခြောက်မှုများပြုလုပ်ခဲ့သဖြင့် ထိုသင်္ဘောကို    မူလအတိုင်း ဆက်လက်တာဝန်ထမ်း ဆောင်စေရန်   အမိန့်ပေးလိုက်ရခြင်းဖြစ်ကြောင်း ခရစ္စတိုဖာမေလာကပြောသည်။

ထိုခြိမ်းခြောက်မှုများသည် မည်သည့် အရာများဖြစ်သည်ကို ၎င်းက တိတိကျကျ မပြောထားသော်လည်း အမေရိကန်အစိုးရက အီရန်ဗိုလ်ချုပ်ကာဆမ်ဆိုလေမာနီကို  အာဖဂန်နစ္စတန်လေဆိပ်၌   မောင်းသူမဲ့ လေယာဉ်ဖြင့် လုပ်ကြံပြီးနောက် တစ်နှစ်အကြာတွင် ခရစ္စတိုဖာမေလာ၏ ဆုံးဖြတ်ချက်ထွက်ပေါ် လာခြင်း ဖြစ်သည်။

Ref:TST