အမေရိကန်စစ်စခန်းကို တိုက်ခိုက်ရန်စီစဉ်လာသည့် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့

အီရန်အစ္စလာမ်တော်လှန်ရေးအစောင့် တပ်ဖွဲ့သည် အမေရိကန်ပြည်ထောင်စုဝါရှင်တန်မြို့ အနောက်တောင် ပိုင်းဒေသရှိ စစ်အခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက်ရန် စီစဉ်နေသည်ဟူသော ပြောဆိုချက်များ ထွက်ပေါ် လာခြင်းကြောင့်   အမေရိကန်စစ်ဘက်က အဆိုပါ စစ်အခြေစိုက်စခန်း အနီးတစ်ဝိုက်၌ လုံခြုံရေးတိုးမြှင့်ခဲ့ရ သည်။

အီရန်စစ်ဘက်သည် ဂရင်းလိဖ်ပွိုင့်၌တည်ရှိသည့် Fort Lesley J. McNair စစ်အခြေစိုက် စခန်းကို တိုက်ခိုက် ရန်စီစဉ်နေကြောင်း ထောက်လှမ်းရေးသတင်းများကို ကိုးကား၍ အမေရိကန်ဗိုလ်ချုပ်ကြီး ဂျိုးဇက်အမ်မာတင် က ပြီးခဲ့သည့်ရက်သတ္တပတ်တွင် သတင်းဌာနတစ်ခုကို ပြောကြားခဲ့ခြင်းဖြစ်သည်။  အီရန်က  အမေရိကန် စစ်အခြေစိုက်စခန်းကိုတိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်းသည်   လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည့် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ  တပ်မှူးဟောင်း   ကာဆန်ဆိုလေမာနီအတွက် လက်တုံ့ပြန်ရန် ကြိုးပမ်းခြင်းဖြစ် သည်ဟူ သော ပြောဆိုချက်များလည်း ထွက်ပေါ်လျက်ရှိသည်။

ကာဆန်ဆိုလေမာနီကို အမေရိကန်က  ၂၀၂၀  ပြည့်နှစ်က အီရတ်နိုင်ငံ  ဘဂ္ဂဒက်လေဆိပ်အနီး၌ မောင်းသူမဲ့ လေယာဉ်ကိုအသုံးပြု၍ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလုပ်ကြံ သတ်ဖြတ်မှုကို အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ အမေရိကန်အစိုးရ၏ အကြောင်းပြချက်မှာ ဘဂ္ဂဒက်မြို့တော်ရှိ အမေရိကန် သံရုံးတိုက်ခိုက်မှုတွင် ကာဆန်ဆိုလေမာနီ ပါဝင်ခဲ့သောကြောင့်ဟုဆိုသည်။

ကာဆန်ဆိုလေမာနီကို အမေရိကန်ကလုပ်ကြံသတ်ဖြတ်မှုဖြစ်ပွားပြီး  ရက်ပိုင်းအကြာတွင် အီရန်လက်နက် ကိုင်တပ်ဖွဲ့က လက်တုံ့ပြန်သည့်အနေဖြင့် အီရတ်နိုင်ငံရှိ အမေရိကန်ဦးဆောင်သည့်   ညွန့်ပေါင်း တပ်ဖွဲ့၏  Ain al-Asad စစ်ဌာနချုပ် (တချို့သတင်းများတွင် လေတပ်စစ်အခြေ စိုက်စခန်းဟုဖော်ပြထား) တစ်ခုကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ညွန့်ပေါင်း တပ်ဖွဲ့မှ စစ်သည်အများအပြားမှာ စိတ်ဒဏ်ရာကိုဖြစ် ပေါ်စေခဲ့သည့်  ဦးနှောက်ထိခိုက်မှုများ ခံစားခဲ့ရသည်။ ယင်းနောက် ပိုင်းမှစ၍   အီရန်က အရှေ့အလယ်ပိုင်း ဒေသရှိ အမေရိကန်တပ်များ၏ လုပ်ဆောင်မှုများကို အနီးကပ်စောင့်ကြည့်လာသည့်အပြင် နှစ်နိုင်ငံကြား   စစ်ရေးတင်းမာမှု များ မြင့်တက်လာခဲ့သည်။

အီရန်စစ်ဘက်ခေါင်းဆောင်များသည် ၎င်းတို့လုပ်ဆောင်ခဲ့သည့် တုံ့ပြန်တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ စိတ်ကျေနပ်မှုမရှိသေးပေ။ အထူးသဖြင့် Ain al-Asad ဌာနချုပ်ကို ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာတွင်  အမေရိကန်စစ်သည် တစ်ဦးတစ်ယောက်မျှ သေဆုံးခြင်းမရှိသောကြောင့်ပင်ဖြစ်သည်ဟု ထောက်လှမ်းရေး သတင်းများတွင် ဖော်ပြထားသည်။

အီရန်က ဝါရှင်တန်မြို့တော်ရှိ စစ်အခြေစိုက်စခန်းအား တိုက်ခိုက်ရန်စီစဉ်နေသည်ဟူသော သတင်းကို အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) က ယခုနှစ်ဇန်နဝါရီလအတွင်း လုပ်ဆောင်သည့်  ကြားဖြတ် သတင်းထောက်လှမ်းမှု အတွင်း ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ အမေရိကန် အရာရှိ များကပြောသည်။ အဆိုပါတိုက်ခိုက် မှုအစီအစဉ်တွင်  အီရန်လက်နက်ကိုင်တပ်ဖွဲ့သည်  ၂၀၀၀  ပြည့်နှစ်က ယီမင်နိုင်ငံ အေဒင်ဆိပ်ကမ်း၌ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုအသွင်ဖြင့် တိုက် ခိုက်ရန် စီစဉ်ခဲ့သည် ကို တွေ့ရသည်။ ယီမင် ၌ဖြစ်ပွားခဲ့သည့်   အဆိုပါအကြမ်းဖက်

တိုက်ခိုက်မှုအတွင်း အမေရိကန်ရေတပ် အမှုထမ်း ၁၇ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ ဝါရှင်တန်မြို့ရှိ စစ် အခြေစိုက်စခန်းကိုလည်း အီရန်က ထိုသို့ ထပ်မံတိုက်ခိုက်ရန် စီစဉ်ခဲ့ဖွယ်ရှိသည်ဟု ယူဆရသည်။ ထို့ပြင် NSA က ကြားဖြတ် ဖော်ထုတ်နိုင်ခဲ့သည့် ထောက်လှမ်းရေး သတင်းများအရ   အီရန် လက်နက်ကိုင် တပ်ဖွဲ့က Fort Lesley J. McNair စစ်အခြေစိုက်စခန်းရှိ ဗိုလ်ချုပ်ကြီးဂျိုးဇက် အမ်မာတင်ကို အဓိကပစ်မှတ်ထားတိုက် ခိုက်ရန်  စီစဉ်ခဲ့ဖွယ်ရှိသည်ဟုဆိုသည်။ ထို့ကြောင့် အမေရိကန် စစ်ဘက်သည် အီရန်၏တိုက်ခိုက်မှုကို ကာကွယ်နိုင်ရေးအတွက် စစ်အခြေစိုက်စခန်းအနီးတစ်ဝိုက်၌  လုံခြုံရေးတိုးမြှင့်ခဲ့ရ သည့်အပြင်  ပေ ၂၅၀ မှ ၅၀၀ (၇၅ မီတာမှ ၁၅၀ မီတာ) ရှိ ကြားခံဇုန်တစ်ခုကိုပါ ဖန်တီးခဲ့ရသည်။

အီရန်-အမေရိကန်တို့ကြား စစ်ရေးတင်းမာမှုမြင့်တက်လာခြင်းကို ပြန်လည်သုံးသပ်လျှင် အီရန်၏   နျူကလီး ယားအစီအစဉ်က အဓိကပါဝင်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။  အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ် သည် အမေရိကန်ကိုသာမက  အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ မဟာမိတ်နိုင်ငံများကိုပါ ခြိမ်းခြောက် နေသည့် ကိစ္စရပ်တစ်ခုအဖြစ် အမေရိကန်အစိုးရ အဆက်ဆက်က ရှုမြင်နေသည်။ နိုင်ငံကဖော်ဆောင် နေသည့် နျူကလီးယားအစီအစဉ်ကို အရပ်ဘက်တွင်သာအသုံးပြုရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု အီရန်အစိုးရက ထပ်တလဲလဲပြောကြားခဲ့သော်လည်း အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများက လက်မခံပေ။

ထို့ပြင် အီရန်၏ဒုံးကျည်နည်းပညာ မြင့်တက်လာခြင်းကလည်း စစ်ရေးတင်းမာမှုကိုလျှော့ချရာတွင် အထောက်အကူမပြု သည့်အပြင် အီရန်အနေဖြင့် ၎င်းတို့၏ ဒုံးကျည်အပါအဝင် တခြားလက်နက် ခဲယမ်းများကို အမေရိကန်က အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသည့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့များထံ ပေးပို့နေသည်ဟု အမေရိကန်က စွပ်စွဲထားသည်။ အလားတူ မပြီးဆုံးနိုင် သေးသည့် ဆီးရီးယားပြည်တွင်းစစ်တွင် အီရန်က စစ်ရေးအရ ပါဝင်နေခြင်းသည် ၎င်းတို့၏ စစ်ရေးအရ လွှမ်းမိုးမှုကိုချဲ့ထွင် နေခြင်းဖြစ်သည်ဟု အမေရိကန်က ရှုမြင်နေသည်။ ဤအကြောင်းရင်းများသည် နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုများကို မြင့်တက်စေခဲ့သည့် အကြောင်းရင်းများပင်ဖြစ်ပြီး နှစ်နိုင်ငံကြား  အဆိုပါတင်းမာမှုများမှာ မကြာမီကာလအတွင်း လျော့ကျမည့် အလားအလာနည်းပါးလျက်ရှိကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။ 

Ref: USA news, Sputnik