အမေရိကန်နှင့်ဖြစ်ပွားနေသည့် S-400 စနစ်ဝယ်ယူမှုပြဿနာ ဖြေရှင်းနိုင်မည်ဟု တူရကီမျှော်လင့်

အန်ကာရာ၊ စစ်ရေး

တူရကီအစိုးရအနေဖြင့် အမေရိကန် နှင့်ဖြစ်ပွားနေသည့် S-400 လေကြောင်းရန် ကာကွယ်ရေး စနစ်ဖြန့်ကြက်မှုပြဿနာနှင့် ပတ်သက်၍ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် ဆွေးနွေးပွဲအတွက်  လမ်းဖွင့် ပေးထားကြောင်း   တူရကီကာကွယ်ရေး ဝန်ကြီးက ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောသည်။

တူရကီနိုင်ငံသည် ရုရှားနိုင်ငံလုပ် စစ်လက်နက်ပစ္စည်းများကို ပထမဆုံး ဝယ်ယူသုံးစွဲသည့်နိုင်ငံမဟုတ်ဘဲ ဂရိကဲ့သို့ ဗြွှဥ တပ်ဖွဲ့ဝင်နိုင်ငံအချို့ကလည်း ထိုသို့ ဝယ်ယူအသုံးပြုနေကြောင်း တူရကီကာကွယ် ရေးဝန်ကြီး ဟူလူစီအကာက ပြောသည်။ တူရကီနိုင်ငံကဝယ်ယူထားသော ရုရှား နိုင်ငံထုတ် S-400 လေကြောင်းရန်ကာ ကွယ်ရေးစနစ်က NATO တပ်ဖွဲ့၏ လုံခြုံရေးကိုခြိမ်းခြောက်နိုင်သည်ဟု အမေရိကန်က သတ်မှတ်ကာ ၎င်းတို့၏ F-35 လေယာဉ် ဝယ်ယူရေးလုပ်ငန်းမှ တူရကီနိုင်ငံကို ထုတ်ပယ်ထားခြင်းဖြစ်သည်။

သို့သော် တူရကီနိုင်ငံအနေဖြင့် အဆိုပါလေကြောင်းရန် ကာကွယ်ရေးစနစ်ကို အမြဲတမ်းအသုံးပြုမည် မဟုတ်ကြောင်း၊   ခြိမ်းခြောက်လာနိုင်မှုအပေါ်   မူတည်၍သာအသုံးပြုသွားမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ဂရိနိုင်ငံတွင် ရုရှားနိုင်ငံထုတ် S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်ရှိပြီး သိမ်းထားသည့် အချိန်ကသာ များကြောင်း ဟူလူစီအကာက တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောသည်။

ထို့ပြင် အမေရိကန်မှလွဲ၍ မည်သည့် NATO တပ်ဖွဲ့ဝင်နိုင်ငံကမျှ တူရကီ၏ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်ဝယ်ယူမှုကို မကန့်ကွက်ကြောင်း၊ ဥရောပနိုင်ငံအများအပြားတွင် ဆိုဗီယက်ခေတ် လက်နက်များကို NATO တပ်ဖွဲ့သုံးလက်နက်စနစ်များနှင့် အတူယှဉ်တွဲအသုံးပြုနေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အထူးသဖြင့် အမေရိကန်စိုးရိမ်သည်က လုံခြုံရေးစနစ်အပေါ်မဟုတ်ဘဲ နောင်တွင်အမေရိကန် မဟာ မိတ်နိုင်ငံများက ရုရှားနိုင်ငံမှ စစ်လက်နက်များ မဝယ်ယူနိုင်ရေးအတွက် သာဓကအနေဖြင့် လုပ်ဆောင်နေ ခြင်းဖြစ်ကြောင်း ဟူလူစီအကာက ပြောထားသည် ဟုသိရသည်။            

Ref: Sputnik