အမေရိကန်နှင့် NATO တပ်ဖွဲ့များအားလုံး အာဖဂန်ရှိ ဘာဂရမ်လေတပ်အခြေစိုက်စခန်းမှထွက်ခွာ

ကဘူး၊ စစ်ရေး

အာဖဂန်နစ္စတန်နိုင်ငံ ဘာဂရမ်လေတပ်အခြေစိုက်စခန်း၌တပ်စွဲထားသည့် အမေရိကန်နှင့် NATO တပ်ဖွဲ့ဝင်များအားလုံးသည် ထိုစခန်းမှအပြီးတိုင် ထွက်ခွာသွားပြီဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက ဇူလိုင် ၂ ရက်တွင် ပြောသည်။

ထိုသို့တပ်ဖွဲ့ဝင်များ အပြီးတိုင်ထွက်ခွာသွားခြင်းသည် အာဖဂန်နစ္စတန်ရှိ ပြည်ပတပ်ဖွဲ့များအားလုံးထွက်ခွာတော့မည့် အရိပ် အယောင်ဖြစ်ပြီး ထိုလုပ်ရပ်ကို တာလီဘန်အဖွဲ့ကထောက်ခံထားသည်။ အမေရိကန်တာဝန်ရှိသူက ဘာဂရမ် လေတပ်စခန်းမှ တပ်ဖွဲ့များအားလုံး ထွက်ခွာသွားပြီဖြစ်ကြောင်းသာပြောထားပြီး နောက်ဆုံးတပ်ဖွဲ့များက မည်သည့်အချိန်တွင် ထွက်ခွာသွား သည်နှင့် ထိုစခန်းကိုအာဖဂန်နစ္စတန်အစိုးရသို့ မည်သည့်အချိန်တွင် ပြန်လွှဲပြောင်းပေးသွားမည်တို့ကိုမူ ထုတ်ဖော်ပြော ထားခြင်းမရှိပေ။

အမေရိကန်နှင့် NATO တပ်ဖွဲ့သည် အာဖဂန်နစ္စတန်နိုင်ငံအတွင်း စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်မှုများကို အနှစ် ၂၀ ကြာလုပ်ဆောင်ခဲ့ပြီးနောက် ထိုနိုင်ငံအတွင်းရှိ တပ်ဖွဲ့ဝင်များအားလုံးကို စက်တင်ဘာ ၁၁ ရက်နောက်ဆုံးထား၍ ရုပ်သိမ်းသွား မည်ဖြစ်သည်။

အဆိုပါလေတပ်စခန်းသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်း ပြည်ပတပ်ဖွဲ့များ၏ မဟာဗျူဟာမြောက်စစ်ဆင်ရေးများအတွက် နှစ်ပေါင်း များစွာ ကြာလွန်စွာအရေးပါခဲ့ပြီး ထိုနှစ်များအတွင်း အမေရိကန်နှင့် NATO တပ်ဖွဲ့ဝင်သိန်းပေါင်းများစွာအပြင် စစ်ဘက် ကန်ထရိုက်တာများ အတက်အဆင်းလုပ်ရာနေရာဖြစ်သည်။

အာဖဂန်နစ္စတန် အစိုးရတပ်ဖွဲ့အနေဖြင့် ထိုလေတပ်စခန်းကိုထိန်းချုပ်ထားနိုင်ခြင်းသည် အနီးရှိ ကဘူးမြို့ကိုထိန်းချုပ်ရန်နှင့် တာလီဘန် တို့အပေါ်   ဖိအားပေးရန်တို့အတွက် လွန်စွာအရေးပါကြောင်း   သိရသည်။

Ref: TST