အမေရိကန်၌ သမ္မတကျမ်းကျိန်ပွဲအတွက် လုံခြုံရေးအင်အား ၁၅၀၀၀ အသုံးပြုမည်

အမေရိကန်၌ သမ္မတကျမ်းကျိန်ပွဲအတွက် လုံခြုံရေးအင်အား ၁၅၀၀၀ အသုံးပြုမည်
ဝါရှင်တန်၊ ပြည်တွင်းရေး

အမေရိကန်နိုင်ငံ၌ ဇန်နဝါရီ ၂၀ ရက် တွင်ကျင်းပမည့်  သမ္မတအသစ်၏ ကျမ်းကျိန်ပွဲအတွက် အမျိုးသားအစောင့်တပ်ဖွဲ့မှ လုံခြုံရေးအင်အား ၁၅၀၀၀ ကို  အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် ပြီးခဲ့သည့်သီတင်းပတ်တွင်ဖြစ်ပွားသော လွှတ်တော်သို့ဝင်ရောက်စီးနင်းမှုကဲ့သို့ဖြစ်စဉ်မျိုး   မဖြစ်ပွားစေရန်လည်း ဝါရှင်တန်ဒီစီမြို့တော်တစ်ဝန်း၌ စစ်ဆေး
ရေးဂိတ်များဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်သည်။လက်ရှိတွင် ဝါရှင်တန်မြို့၌ ဆန္ဒပြမှုများလုပ်ဆောင်ရေးအတွက် စာရင်းပေးထားသော အဖွဲ့ ၁၆ ဖွဲ့ရှိပြီး ထိုအဖွဲ့များတွင်ပါဝင်သူအချို့မှာ   လက်နက်များကိုင်ဆောင်ကာ အများစုမှာ ဒေါ်နယ်ထရမ့်ကိုထောက်ခံသူများဖြစ်သည်။

 

အလားတူ လက်ယာစွန်းရောက်အကြမ်းဖက်အုပ်စုများက  စီစဉ်လုပ်ဆောင်သော လက်နက်ကိုင်ဆန္ဒပြမှုများမှာ ပြည်နယ် ၅၀ စလုံးရှိ  မြို့တော်များတွင်ဖြစ်ပွားနိုင်ကြောင်း   ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုက တာဝန်ရှိသူများကိုသတိပေးထားသည်။ယခုကဲ့သို့ အမေရိကန်နိုင်ငံနှစ်ခြမ်းကွဲသည့်အခြေအနေဖြစ်နေသော်လည်း ၄၆ ယောက်မြောက်သမ္မတဖြစ်လာမည့် ဂျိုးဘိုင်ဒင်က ၎င်းင်း၏ကျမ်းကျိန်ပွဲကို   လူမြင်ကွင်းတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နှစ်ခြမ်းကွဲနေသည့်ပြည်သူများကို    တစုတစည်းတည်းဖြစ်စေရန် တိုက်တွန်းမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ပြောသည်။ထို့ပြင် ဂျိုးဘိုင်ဒင်သည် သမ္မတဟောင်းများဖြစ်သည့် ဘီကလင်တန်၊ ဂျော့ဒဗလျူဘု(ရှ်)၊ ဘားရက်အိုဘားမားတို့နှင့်အတူ  အာလင်တန်အမျိုးသားသချုႋင်းသို့လည်းသွားမည်ဖြစ်သည့်အတွက်    လုံခြုံရေးတာဝန်ရှိသူများအနေဖြင့်  စိန်ခေါ်မှုများနှင့် ပိုမိုရင်ဆိုင်ရမည်ဖြစ်ကြောင်း   သိရသည်။