အမေရိကန်၏ လေကာစနစ်များ ဖြန့်ကြက်မည့် ယူကရိန်း၏ ထုတ်ပြန်ချက် ရန်စမှုဖြစ်ဟု ရုရှားပြော

အမေရိကန်၏ လေကာစနစ်များ ဖြန့်ကြက်မည့် ယူကရိန်း၏ ထုတ်ပြန်ချက် ရန်စမှုဖြစ်ဟု ရုရှားပြော

အမေရိကန်နိုင်ငံထုတ် လေကြောင်းရန် ကာကွယ်ရေး စနစ်များကို ယူကရိန်းနိုင်ငံ၌ ဖြန့်ကြက်နိုင်ဖွယ်ရှိသည်ဟူသော ယူကရိန်းအစိုးရ၏ ထုတ်ပြန်ချက်သည် ရန်စမှုဖြစ်ပြီး ယူကရိန်းပြည်သူများ၏ အကျိုးစီးပွားနှင့် မကိုက်ညီကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက သြဂုတ် ၁၁ ရက်တွင်ပြောသည်။

ရုရှားက ခရိုင်းမီးယားဒေသသို့ နျူကလီးယား လက်နက်များ ပို့ဆောင်နိုင်ဖွယ်ရှိမှုနှင့်ပတ်သက်၍ စိုးရိမ်သည့်အတွက် ယူကရိန်း၌ အမေရိကန်၏ လေကြောင်းရန် ကာကွယ်ရေးစနစ်များဖြန့်ကြက်ရန် ယူကရိန်းနိုင်ငံ ယာယီသိမ်းပိုက်ခံ နယ်မြေများ  ပြန်လည်ပေါင်းစည်းရေးဝန်ကြီး အိုလက်စီရတ်ဇနီကော့က အဆိုပြုထားခြင်းဖြစ်သည်။

ထိုသို့သောအခြေအနေသည်   ရုရှားနိုင်ငံက နှစ်ပေါင်းများစွာကြာ ပြောဆိုလာသည့် အခြေအနေဖြစ်ကြောင်း၊   ထိုသို့ ပြောဆိုမှုများကိုလည်း ယူကရိန်း အစိုးရက ငြင်းပယ်ရန်ကြိုးစားခြင်းဖြစ်သည်ကို မြင်တွေ့နိုင်ကြောင်း   ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန   ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထို့ပြင် ယူကရိန်း၏ ထုတ်ပြန်မှုသည် ရုရှားနိုင်ငံအပေါ် ရန်စသော ထုတ်ပြန်ချက် ဖြစ်ကြောင်းနှင့် ယူကရိန်နိုင်ငံသားများက ထိုသို့သော အခြေအနေကို မလိုချင်ကြောင်း မာရီယာဇာခါရိုဗာက ဆက်ပြောသည်။