အမေရိကန် F-35 တိုက်လေယာဉ်နှင့် ယှဉ်ပြိုင်နိုင်သည့် ကိုယ်ပျောက်တိုက်လေယာဉ်သစ် တစ်စင်းကို ရုရှားထုတ်ဖော်ပြသ

အမေရိကန် F-35 တိုက်လေယာဉ်နှင့် ယှဉ်ပြိုင်နိုင်သည့် ကိုယ်ပျောက်တိုက်လေယာဉ်သစ် တစ်စင်းကို ရုရှားထုတ်ဖော်ပြသ

ဇူကော့စကီး၊ စစ်လက်နက်နည်းပညာ

ရုရှားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုမှ ထုတ်လုပ်ထားသည့်  F-35 ဘက်စုံသုံး ကိုယ်ပျောက် တိုက်လေယာဉ်နှင့် ယှဉ်ပြိုင်နိုင်ရန်အတွက်  Sukhoi အမျိုးအစား ကိုယ်ပျောက် တိုက်လေယာဉ်သစ်တစ်မျိုးကို ဖော်ပြလိုက်ကြောင်း သိရသည်။

The Checkmate ဟုအမည်ပေးထားသည့် အဆိုပါ ကိုယ်ပျောက်တိုက်လေယာဉ်သည် ပစ်မှတ်ခြောက်ခုကို   တစ်ပြိုင်တည်း ပစ်ခတ်နိုင်ပြီး ၎င်းအား ဇူလိုင်၂၀ ရက်တွင် ထုတ် ဖော်ပြသခြင်းဖြစ်သည်။  ထို တိုက်လေယာဉ်ကို    ကာကွယ်ရေးနှင့် နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်သည့်  Rostec နှင့် ရုရှားနိုင်ငံပိုင် United Aircraft ကော်ပိုရေးရှင်းတို့က  ပြီးခဲ့သည့်နှစ် မေလတွင် ထုတ်လုပ်နေခြင်းဖြစ်ကြောင်းသတင်းများတွင် ဖော်ပြထားသည်။

The Checkmate ကိုယ်ပျောက်တိုက် လေယာဉ်သည်  ပဉ္စမမျိုးဆက် အပေါ့စား တိုက်လေယာဉ် တစ်စင်းဖြစ်ပြီး မှတ်ဉာဏ်တုနည်းပညာအပါအဝင် ဆန်းသစ်သည့် နည်းပညာ များကို အသုံးပြုထုတ်လုပ်ထား ခြင်းဖြစ်ကြောင်း  Rostec ကုမ္ပဏီကပြော သည်။  အဆိုပါ တိုက်လေယာဉ်သစ်သည် ရန်သူက  အီလက်ထရွန်နစ်စစ်ဆင်ရေး ဆင်နွှဲနေစဉ်အတွင်းမှာပင် မြေပြင်၊ ဝေဟင် နှင့်ရေပြင်ရှိ ပစ်မှတ်များကို  တစ်ပြိုင်နက် တည်း  ပစ်ခတ်နိုင်စွမ်းရှိကြောင်း    သိရသည်။

တိုက်လေယာဉ်တစ်စင်း၏တန်ဖိုးမှာ ဒေါ်လာ၂၅ သန်းနှင့် သန်း ၃၀ ကြားရှိပြီး လေယာဉ်တွင်  မောင်းသူမဲ့လေယာဉ်များ သယ်ဆောင်နိုင်သည့်အပြင် ၎င်းင်းမောင်းသူမဲ့ လေယာဉ်များကို တိုက်လေယာဉ်က မောင်းနှင်နေစဉ်အတွင်းမှာပင် လွှတ်တင် အသုံးပြု နိုင်မည် ဖြစ်သည်။

The Checkmate ကိုယ်ပျောက်တိုက် လေယာဉ်သစ်ကို လာမည့် ၂၀၂၆ ခုနှစ်မှစ၍ အခြားပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရန်စီစဉ်ထားပြီး အရှေ့အလယ်ပိုင်း၊ အာရှဒေသ နှင့် လက်တင်အမေရိကဒေသရှိ နိုင်ငံများသို့  F-35 တိုက်လေယာဉ်၏ဈေးနှုန်း ထက်   ခုနစ်ဆလျော့သည့်ဈေးနှုန်းဖြင့် အစင်း ၃၀၀ နီးပါးရောင်းချရန်  မျှော်လင့် ထားကြောင်း United Aircraft ကော်ပိုရေးရှင်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ယူရီဆလူ ဆာက ပြောသည်။

Ref: CNA