အမ်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေများနှင့် ကယ်ဆယ် ရေးပစ္စည်းများထောက်ပံ့ပေးအပ်

အမ်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေများနှင့် ကယ်ဆယ် ရေးပစ္စည်းများထောက်ပံ့ပေးအပ်

 

နေပြည်တော်၊ နိုဝင်ဘာ - ၇

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများ အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေနှင့် ကယ်ဆယ် ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် အမ်း မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ပြုလုပ်ရာ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း၊ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသူရိန်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဋ္ဌေးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ ဒုတိယတိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ရ ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၁၇၅ စုတို့အတွက် ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများနှင့် ကယ်ဆယ် ရေးပစ္စည်းများကို အသီးသီးထောက်ပံ့ပေးအပ်ရာ တိုက်ပွဲရှောင်ပြည်သူ ကိုယ်စားလှယ် များက လက်ခံရယူကြသည်။ အဆိုပါ နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများကို နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် အမ်းတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ပြည်နယ် အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးသည့် မော်တော်ယာဉ်များဖြင့် ၎င်းတို့၏နေရပ် အသီးသီးသို့ လိုက်ပါကူညီရွှေ့ပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။