အမ်းမြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်စခန်းများမှ နေရပ်ပြန်မည့် ပြည်သူများအား ထောက်ပံ့ငွေများ၊ ဆန်နှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

အမ်းမြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်စခန်းများမှ နေရပ်ပြန်မည့် ပြည်သူများအား ထောက်ပံ့ငွေများ၊ ဆန်နှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၆

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ယာယီတိုင်ပွဲရှောင်စခန်းများတွင် နေထိုင်လျက် ရှိသည့် ကဇူးကိုင်းကျေးရွာအုပ်စုနှင့် ဒါးလက်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ နေရပ်ပြန်မည့် ယာယီတိုက်ပွဲရှောင်ပြည်သူများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တို့မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေ၊ ဆန်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အမ်းမြို့နယ်ရှိ အားကစားခန်းမ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များ၊ အမ်းခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဟိန်းသူ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယာယီတိုက်ပွဲရှောင် အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ယာယီတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၁၅၁ စုတို့အတွက် ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများ၊ ဆန်နှင့် ကယ်ဆယ် ရေးပစ္စည်းများကို အသီးသီးထောက်ပံ့ပေးအပ်ရာ ယာယီတိုက်ပွဲရှောင် အိမ်ထောင်စု ဝင်များက လက်ခံရယူကြပြီး ယာယီတိုက်ပွဲရှောင် အိမ်ထောင်စုဝင်များကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ယာယီတိုင်ပွဲရှောင်အိမ်ထောင်စုဝင်များအား ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။