အမ်းမြို့၊ ပြောင်းချောင်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ မေ - ၂၁

ရခိုင်ပြည်နယ်၊ အမ်းမြို့၊ လုံးကောက်ကျေးရွာအုပ်စု၊ ပြောင်းချောင်းကျေးရွာရှိ ဒေါ်ညိုစိန်(ဘ)ဦးဖိုးလီ၏ နေအိမ်၌ ယနေ့မွန်းလွဲ ၂ နာရီခွဲခန့်တွင် ထင်းမီးဖိုမှတစ်ဆင့် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့  နယ်မြေခံတပ်မတော်သားများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မီးသတ်ယာဉ် ၂ စီး၊ ရေသယ် ယာဉ်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့်  ညနေ ၅ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အနီးရှိနေအိမ် ၆ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသခံပြည်သူများအား အမ်းတပ်နယ်မှ တာဝန်ရှိသူများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး မီးလောင်ပျက်စီးခဲ့သည့် အဆောက်အဦများနှင့် ပတ်ဝန်းကျင်များအား ရှင်းလင်းပေးခဲ့ ကြောင်း သတင်းရရှိသည်။