အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ မြန်မာ့သိုင်းအခြေခံသင်တန်း ဆင်းပွဲပြုလုပ်

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ မြန်မာ့သိုင်းအခြေခံသင်တန်း ဆင်းပွဲပြုလုပ်

နေပြည်တော်၊ မေ - ၂၀

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ တပ်မတော်သားမိသားစုဝင် သား၊ သမီး များအတွက်ဖွင့်လှစ်ခဲ့သည့် မြန်မာ့သိုင်းအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဆင်းပွဲ ကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ ပြုလုပ် ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြ များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဆင်းအမှာစကားပြောကြားပြီး တက်ရောက်လာ ကြသူများနှင့်အတူ သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြများ၏ မြန်မာ့သိုင်းစွမ်းရည်သရုပ်ပြသမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် တိုင်းမှူးက သင်တန်းနည်းပြများအား ဂုဏ်ပြု လက်ဆောင်ပစ္စည်းများပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
အဆိုပါ မြန်မာ့သိုင်းအခြေခံသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၅၄ ဦး ဖြင့် ဧပြီ ၂၅ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။