အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ ပေးအပ်ပွဲပြုလုပ်

နေပြည်တော်၊ ဇွန် - ၅

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် စာရေးကိရိယာနှင့် ကျောင်းဝတ်စုံ များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ဆန်း ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အရာရှိ၊ စစ်သည်များ၏ မှီခိုသူ ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများအား တိုင်းမှူးနှင့်အဖွဲ့ဝင်များက ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ပြီး တိုင်းမှူးက ကျောင်းသား၊ ကျောင်းသူ များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

အလားတူ တိုင်းစစ်ဌာနချုပ်ရှိ ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များတွင် လည်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသား/ ကျောင်းသူများအား စာရေး ကိရိယာနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။