အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၆

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲကို ဇူလိုင် ၅ ရက် ညနေပိုင်းတွင် ဟိုပုံးတပ်နယ်အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ နှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြ သည်။

အဆိုပါ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၈ သင်းဖြင့် ဇူလိုင် ၁၀ ရက်အထိ ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။