အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် လားရှိုးမြို့ အထွေထွေရောဂါကုဆေးရုံကြီး တို့ရှိ Oxygen Plant များမှ Oxygen များ နေ့စဉ်ထုတ်လုပ်ဖြန့်ဝေလျက်ရှိ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် လားရှိုးမြို့ အထွေထွေရောဂါကုဆေးရုံကြီး တို့ရှိ Oxygen Plant များမှ Oxygen များ နေ့စဉ်ထုတ်လုပ်ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇူလိုင် - ၁၅

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် အောက်ဆီဂျင်သည်  မရှိ မဖြစ်လိုအပ်ချက်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိသည့်အပြင် Oxygen Plant အသစ်များလည်း ထပ်မံတိုးချဲ့တပ်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထို့သို့ တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ရှိ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာများအသုံး ပြုနိုင်ရန်အတွက် အရှေ့မြောက် တိုင်း စစ်ဌာနချုပ်မှ တစ်နေ့လျင် ၄၀ လီတာအိုး ၂၅ လုံး ထုတ်လုပ်ပေးနိုင်သည့် Oxygen Plant အား တပ်ဆင် စမ်းသပ်ထုတ်လုပ်ခဲ့ရာ ဇူလိုင် ၁၄ ရက်တွင် စတင်လည်ပတ်ထုတ် လုပ်လျက် ရှိကြောင်းနှင့် အောက်ဆီဂျင်လိုအပ်နေသူများကို အခမဲ့ ဖြန့်ဝေပေးလျက်ရှိ ကြောင်း သိရှိရသည်။ 

အလားတူ လားရှိုးမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင်လည်း တစ်နေ့ လျင် ၄၀ လီတာအိုး ၃၀ လုံး ထုတ်လုပ်ပေးနိုင်သည့် Oxygen Plant ၁ လုံးအား တပ်ဆင်လျက်ရှိရာ ယနေ့တွင် စတင်လည်ပတ်ထုတ်လုပ်လျက်ရှိကြောင်း သတင်း ရရှိသည်။