အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဒသမအကြိမ်မြောက်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဒသမအကြိမ်မြောက်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၂၅
    
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခိုလမ်တပ်နယ်၏ ၂၀၂၀ ပြည့်နှစ် ဒသမအကြိမ် မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဓမ္မာရုံ၌ ပြုလုပ်ရာ ခိုလမ်မြို့၊ သီရိမင်္ဂလာကျောင်းတိုက် ဆရာတော်  ဘဒ္ဒန္တ နန္တောဘတ  အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီရိမင်္ဂလာကျောင်းတိုက် ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော် များ နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သံဃာတော်များအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။
    
ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။