အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဇွန် - ၂၈

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂၀၂၁ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘော်လီဘော ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ အဖွင့်ပွဲစဉ် ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ တိုင်းမှူးဒိုင်း ဘောလီဘောပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၉ သင်း၊ အမျိုးသမီးအသင်း ၈ သင်း တို့ဖြင့် ဇူလိုင် ၇ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။