အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များရှိ မွေးကင်း စမှ အသက် ၁ နှစ် ၆ လထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေး

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များရှိ မွေးကင်း စမှ အသက် ၁ နှစ် ၆ လထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေး
နေပြည်တော်၊ စက်တင်ဘာ - ၁၀
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များရှိ မွေးကင်းစမှ အသက် ၁ နှစ် ၆ လထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု အားပေးပြီး ကလေးငယ်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
အဆိုပါ မွေးကင်းစမှ အသက် ၁ နှစ် ၆ လအထိ ကလေးငယ်များအား ကာကွယ် ဆေးထိုးနှံ/တိုက်ကျွေးခြင်းများ ဆောင်ရွက်ရာတွင် နယ်မြေခံတပ်မတော်ဆေးတပ် ရင်းမှ ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက ကလေးငယ် ၂၅၄ ဦးတို့ကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ် ကာကွယ်ဆေးနှင့် ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးများ ကို ထိုးနှံ၊ တိုက်ကျွေးခဲ့ကြကြောင်း သတင်းရရှိသည်။