အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၄၉)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် အရာရှိ၊ စစ်သည်၊ မိသားစုများအား ဂုဏ်ပြုချီးမြှင့်ပွဲပြုလုပ်

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၄၉)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် အရာရှိ၊ စစ်သည်၊ မိသားစုများအား ဂုဏ်ပြုချီးမြှင့်ပွဲပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၈

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၄၉)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အရာရှိ၊ စစ်သည်၊ မိသားစုများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည် ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဂုဏ်ပြုချီးမြှင့်ပွဲ ကို ပြုလုပ်ရာ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအတွက် အဝတ်အထည်များနှင့် သင်တန်းများတွင် ထူးချွန်ဆုရရှိသည့် အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍ တာဝန်ရှိသူများက နေ့လယ်ပိုင်းတွင် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ မဟာဓမ္မိကာရာမရွှေကျင် တိုက်မကြီးအပါအဝင် ဘုန်းတော်ကြီးကျောင်း ၅ ကျောင်းသို့ နေ့ဆွမ်းများသွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။