အသက် ၁ နှစ်  လရှိကလေးငယ် အိန္ဒိယနိုင်ငံ၏ အသက်အငယ်ဆုံး ကိုယ်တွင်းအင်္ဂါလှူဒါန်းသူဖြစ်လာ

 

အိန္ဒိယနိုင်ငံ  နယူးဒေလီမြို့ရှိဆေးရုံတစ်လုံး၌  ယခုသီတင်းပတ်တွင်  ဒဏ်ရာများကြောင့် သေဆုံးသွား သည့်  အသက်၁ နှစ် ၈ လရှိကလေးငယ်သည်  နိုင်ငံအတွင်း အသက်အငယ်ဆုံး ကိုယ်တွင်းအင်္ဂါ လှူဒါန်းသူဖြစ်လာကြောင်းသိရသည်။

အဆိုပါ ကလေးငယ်သေဆုံးသွားပြီးနောက် ၎င်းထံမှ အသည်း၊ နှလုံး၊ ကျောက်ကပ်တစ်စုံနှင့် မျက်ကြည် လွှာတစ်စုံတို့ကိုအခြားလူနာငါးဦးသို့  လွှဲပြောင်းအစားထိုးကုသပေးခွင့်ရရှိကြောင်း  နယူးဒေလီမြို့ရှိ ဂင်္ဂါရမ်ဆေးရုံက  ဇန်နဝါရီ ၁၄ ရက်တွင်ထုတ်ပြန်ထားသည်။

ကလေးငယ်၏မိဘများသည် ကလေးငယ်ကို ဆုံးရှုံးလိုက်ရသော်လည်း    ၎င်းတို့ကလေး၏ ကိုယ်တွင်း အင်္ဂါများကို သဘောထားကြီးစွာ လှူဒါန်းခြင်းဖြစ်ကြောင်း အဆိုပါဆေးရုံရှိ ဆရာဝန်များကပြောသည်။

ကလေးငယ်၏ဖခင်  အာရှီးကူးမားက ၎င်းသည်    ဆေးရုံ၌ရှိနေစဉ်ကာလတစ်လျှောက် ကိုယ်တွင်း အင်္ဂါလိုအပ်ချက်ကြောင့် သေရေးရှင်ရေးတမျှဖြစ်နေသူများကိုတွေ့ရကြောင်းနှင့်  ကလေးငယ်သေဆုံး သွားသော်လည်း  ထိုကလေး၏ကိုယ်တွင်း အင်္ဂါများက အသက်ရှင်ရန်လိုအပ်နေသော အခြားသူများ ထံတွင် ဆက်လက်ရှင်သန်နေမည်ဖြစ်ကြောင်းပြောသည်။

အိန္ဒိယနိုင်ငံအတွင်း၌ ကိုယ်တွင်းအင်္ဂါလှူဒါန်းမှု မရှိသလောက်နည်းပါးနေသောကြောင့်  အဆိုပါ ကလေးငယ်၏ မိဘများကဲ့သို့သောလူများစွာလိုအပ်ကြောင်း ဆေးရုံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ အိန္ဒိယနိုင်ငံသည်    ကမ္ဘာပေါ်တွင် ကိုယ်တွင်းအင်္ဂါလှူဒါန်းမှုနှုန်း အနိမ့်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး   လူတစ်သန်းလျှင် ကိုယ်တွင်းအင်္ဂါလှူဒါန်းမှုမှာ သုည ဒသမ ၂၆ သာရှိသည်။

ထို့ပြင်  အိန္ဒိယနိုင်ငံ၌  ကိုယ်တွင်းအင်္ဂါလိုအပ်ချက်ကြောင့်   နှစ်စဉ်ပျမ်းမျှသေဆုံးသူအယောက် ငါးသိန်း ရှိကြောင်း ဆေးရုံဥက္ကဋ္ဌ    ဒေါက်တာရာနာကပြောသည်ဟု သိရသည်။