အသားတိုးကြက်ဈေးနှုန်း ပုံမှန်ရှိနေသောကြောင့် မွေးမြူသူများ အဆင်ပြေလာ

အသားတိုးကြက်ဈေးနှုန်း ပုံမှန်ရှိနေသောကြောင့် မွေးမြူသူများ အဆင်ပြေလာ

ပြည်တွင်းစားသုံးမှုများသည့် အသားတိုးကြက်ဈေးနှုန်း ပုံမှန်ရှိနေသောကြောင့် မွေးမြူသူများ   ပြန်လည်အဆင်ပြေလာကြောင်း သိရသည်။

အသားတိုးကြက်  ဈေးနှုန်းအနေဖြင့် ရန်ကုန်မြို့၌  စက်တင်ဘာ ၂ဝ ရက်က  ခြံဖမ်းဈေး  တစ်ပိဿာလျှင်   ငွေကျပ် ၃၅ဝဝ၊ ပြင်ဦးလွင်မြို့၌ ငွေကျပ် ၃၈၅ဝ၊ မုံရွာ၊ ယင်းမာပင်၊ ရွှေဘိုနှင့် ရေဦးမြို့တို့၌ ငွေကျပ်  ၃၇၅ဝ၊  ပခုက္ကူမြို့၌  ငွေကျပ် ၃၅ဝဝ  နှင့်  ပုသိမ်မြို့၌ ငွေကျပ်   ၃၈ဝဝ  စသည်ဖြင့် ဈေးနှုန်း အသီးသီးရှိပြီး  စက် တင်ဘာလဆန်းပိုင်းမှ  လက်ရှိအချိန်ထိ အသားတိုးကြက် ဈေးနှုန်းမှာ  တစ်ပိဿာ လျှင် ငွေကျပ်  ၃ဝဝဝ  အောက်သို့မကျဘဲ    ငွေကျပ် ၃ဝဝဝ အထက်၌ပင် ရှိနေသည်။

အသားတိုးကြက်  ဈေးနှုန်းများသည် ဇူလိုင်လဆန်းပိုင်းမှ  သြဂုတ်လလယ်ပိုင်း အထိ ခြံဖမ်းဈေး တစ်ပိဿာလျှင် ငွေကျပ် ၂၅ဝဝ ဝန်းကျင်ရှိခဲ့ပြီး သြဂုတ်လလယ်မှ စက်တင်ဘာ လဆန်းပိုင်းအထိ ခြံဖမ်းဈေး တစ်ပိဿာလျှင် ငွေကျပ် ၃ဝဝဝ ဝန်းကျင် ရှိခဲ့ကြောင်း သိရသည်။

''ကိုဗစ်-၁၉ ရောဂါကာလမှာ   တောက်လျှောက်ဈေးပြန်ကျ လာတာပါ။ အခုဆိုရင် အသားတိုးကြက်ဈေးနှုန်း   တက်လာတာ နှစ်လလောက်ရှိပြီ။ မွေးမြူတဲ့ သူတွေက လည်း အရင်က အရှုံးပေါ်တော့ လျှော့မွေးကြတယ်။ လျှော့မွေးတော့ အခု ဈေးနှုန်း ပုံမှန်ပြန်ဖြစ်လာတယ်''    ဟု   မင်္ဂလာတောင်ညွန့်မြို့နယ် ကြက်ဘဲဈေးမှ အသား တိုးကြက်ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးကပြောသည်။

ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားသည့် ၂ဝ၂ဝ  ပြည့်နှစ် မတ်လမှစ၍   အသား တိုးကြက်ရောင်းအား ကျဆင်းလာပြီး ဈေးနှုန်းလည်း ကျဆင်းခဲ့သည့်အတွက် မွေး မြူသူများ     ဆက်တိုက်အရှုံးပေါ်ခဲ့ရာ အသားတိုးကြက် မွေးမြူသူများက လျှော့၍ မွေးမြူ လာသောကြောင့် ဈေးကွက်အတွင်း  ကြက်သားဈေးနှုန်း    ပုံမှန်ပြန်ဖြစ်လာပြီး   ကြက်မွေးမြူသူများ  ပြန်လည် အဆင်ပြေ လာကြောင်း သိရသည်။