အသား၊ ငါး၊ ကြက်ဉ၊ ဟင်းသီးဟင်းရွက်များနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကားရောင်းချပေးသည့် အစီအစဉ်အား တိုးချဲ့ ဆောင်ရွက်ပေးလျက်ရှိ

အသား၊ ငါး၊ ကြက်ဉ၊ ဟင်းသီးဟင်းရွက်များနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကားရောင်းချပေးသည့် အစီအစဉ်အား တိုးချဲ့ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊ စက်တင်ဘာ - ၁၂

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ စားရေးအဆင်ပြေစေရေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဉနှင့် အခြေခံစားသောက်ကုန် များအား ရောင်းချပေးလျက်ရှိသည်။
ထိုသို့ ရောင်ချပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ရွေ့လျားဈေးကားဖြင့် အသား၊ ငါး၊ ကြက်ဉ၊ ဟင်းသီးဟင်းရွက်များနှင့် အခြေခံစားသောက်ကုန်များကို ရောင်းချပေး ခဲ့ကြောင်း သတင်းရရှိသည်။