အာရှ-ပစိဖိတ်ဒေသအတွင်း စစ်သင်္ဘောများ ဖြန့်ကြက်မည့် ဗြိတိန်၏အစီအစဉ် ရန်စမှုဖြစ်ဟု မြော ဆိုး၊ စစ်ရေးမြောက်ကိုရီးယားပြော

အာရှ-ပစိဖိတ်ဒေသအတွင်း စစ်သင်္ဘောများ ဖြန့်ကြက်မည့် ဗြိတိန်၏အစီအစဉ် ရန်စမှုဖြစ်ဟု မြော ဆိုး၊ စစ်ရေးမြောက်ကိုရီးယားပြော

အာရှ-ပစိဖိတ်ဒေသအတွင်း စစ်သင်္ဘောနှစ်စင်းကို အမြဲတမ်းဖြန့်ကြက်မည့် ဗြိတိန်၏ အစီအစဉ်သည်   ရန်စမှုဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရကပြောသည်ဟု သိရသည်။

ထို့ပြင် ယခုကဲ့သို့အစီအစဉ်ကို ထုတ်ဖော်လာမှုသည် ဗြိတိန်၏အဲလိဇဘက်ဘုရင်မကြီး အမည်ရှိ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်က တရုတ်နိုင်ငံအနေဖြင့် အမေရိကန်၊ ဂျပန်နိုင်ငံတို့နှင့် ယှဉ်ပြိုင်နေရသည့် ပင်လယ်ပြင်များမှတစ်ဆင့် ဖြတ်သန်း ခုတ်မောင်းမှုနှင့်လည်း တိုက်ဆိုင်နေကြောင်း မြောက်ကိုရီးယားအစိုးရကပြောသည်။

အလားတူ မြောက်ကိုရီးယားနှင့်တရုတ် နိုင်ငံတို့သည် ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံ တို့ကို သီးသန့်ခွဲထားနိုင်စေရေး ကြိုးပမ်းနေပြီး အင်ဒို-ပစိဖိတ်ဒေသအတွင်း လွတ်လပ်စွာ ရေကြောင်းခရီးသွားလာမှုကို ခြိမ်းခြောက်နေသည်ဟူသော  ဗြိတိန်ကာကွယ်ရေးဝန်ကြီး   ဘန်ဝေါလေ့၏ မှတ်ချက်ပြု ပြောဆိုထားမှုများကိုလည်း မြောက်ကိုရီးယားအစိုးရ    တာဝန်ရှိသူတစ်ဦးက အပြစ်တင်ဝေဖန်ထားသည်။

တရုတ်နှင့်    မြောက်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုဟူသောအချက်ကို အကြောင်းပြကာ နိုင်ငံမှ အလွန်ဝေးကွာသောနေရာတွင် စစ်သင်္ဘောများဖြန့်ကြက်မည့် ဗြိတိန်၏ အစီအစဉ်သည် ဒေသတွင်းအခြေအနေ တင်းမာအောင်လုပ်ဆောင်နေပြီး   ရန်စခြင်းပင် ဖြစ်ကြောင်း  မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံ၏ လုပ်ဆောင်ချက်သည် ဒေသတွင်းနိုင်ငံများ၏ခိုင်မာသောခုခံမှုနှင့်သာ ရင်ဆိုင်ရမည်ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ထားသည်ဟုသိရသည်။

Ref: TST