အိန္ဒိယက အက်စထရာဇီနီကာကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေး

 

နယူးဒေလီ၊ ကျန်းမာရေး

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဒုတိယအများဆုံးဖြစ်သော အိန္ဒိယနိုင်ငံ၌ ကာကွယ်ဆေးထိုးရန် ပထမခြေလှမ်းအဖြစ် တာဝန်ရှိသူများက အက်စထရာဇီနီကာ ကုမ္ပဏီနှင့် အောက်စဖို့တက္ကသိုလ်တို့ ပူးတွဲ ထုတ်လုပ်ထားသည့် ကိုဗစ်-၁၉ ကာကွယ် ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးလိုက် ကြောင်းသိရသည်။

အိန္ဒိယနိုင်ငံအတွင်းရှိ ကမ္ဘာ့အကြီးဆုံး ဆေးဝါးစက်ရုံဖြစ်သော ဆီရမ်ကုမ္ပဏီက ထုတ်လုပ်မည့် အက်စထရာဇီနီကာ ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဇန်နဝါရီ ရက်တွင် အရေးပေါ်အသုံးပြုခွင့် ပေးခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်သတင်း ထုတ်လွှင့်ရေးဝန်ကြီး ပရာကက်ဂျေဗဒီကာ က ဇန်နဝါရီ ရက်တွင်ပြောသည်။

ထို့ပြင် အိန္ဒိယနိုင်ငံသည် ကာကွယ်ဆေး လေးမျိုးအထိကို နိုင်ငံအတွင်းအသုံးပြုခွင့် ပေးရန် အသင့်ဖြစ်နေသည့် တစ်ခုတည်း သောနိုင်ငံဖြစ်နိုင်ကြောင်း ၎င်းက အာဏာရပါတီအစည်းအဝေး၌ ပြောခြင်းဖြစ်သည်။ ဆီရမ် ကုမ္ပဏီအနေဖြင့် အက်စထရာ ဇီနီကာကုမ္ပဏီထုတ် အဆိုပါကာကွယ်ဆေး အလုံးရေအနည်းဆုံး   ဘီလီယံအထိ ထုတ်လုပ်သွားရန်သဘောတူထားပြီး လက်ရှိတွင် သန်းပေါင်းများစွာ ထုတ်လုပ်ထားပြီး ဖြစ်ကြောင်းသိရသည်။

ဗြိတိန်နိုင်ငံက   အက်စထရာဇီနီကာ ကုမ္ပဏီထုတ်ကာကွယ်ဆေးကို ၎င်းနိုင်ငံ အတွင်း အသုံးပြုခွင့်ရသည့် ဒုတိယမြောက်  ကာကွယ်ဆေးအဖြစ်အတည်ပြုပြီးနောက် တစ်ရက်အကြာတွင် အိန္ဒိယနိုင်ငံက ထိုဆေး ကိုအတည်ပြုခြင်းဖြစ်သည်။

 အက်စထရာဇီနီကာကုမ္ပဏီထုတ် ကိုဗစ်-၁၉   ရောဂါကာကွယ်ဆေးသည်  ဖိုင်ဇာကုမ္ပဏီထုတ်  ကာကွယ်ဆေး ကဲ့သို့  လိုအပ်ချက်မများသည့်အတွက် အိန္ဒိယနိုင်ငံအတွင်းရှိ ဝေးလံခေါင်ဖျားဒေသများကိုပါ  ကာကွယ်ဆေး ထိုးပေးနိုင်စေမည်ဖြစ်ကြောင်း သိရသည်။           

Ref: Bloomberg