အိန္ဒိယတပ်ဖွဲ့များက ဂျမူးနှင့်ကက်ရှမီးယားရှိ စစ်သွေးကြွများ ပုန်းခိုရာနေရာကို ဝင်ရောက်တိုက်ခိုက် လက်နက်များ သိမ်းဆည်းရမိ

နယူးဒေလီ၊ လုံခြုံရေး

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များသည် ယခုသီတင်းပတ်အစောပိုင်းတွင် ဆရီဂါနာမြို့ရှိ လမ်းဘေး စားသောက်ဆိုင် တစ်ဆိုင်အနီး အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်မှုအတွင်း ပူးပေါင်းပါဝင်သူတစ်ဦးကို ဖမ်းဆီးရရှိပြီးနောက် ဂျမူးနှင့်ကက်ရှမီးယား ပြည်ထောင်စုနယ်မြေရှိ စစ်သွေးကြွများ ပုန်းခိုရာနေရာတစ်ခုကို ဝင်ရောက် တိုက်ခိုက်နိုင်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း  AK-56 ရိုင်ဖယ်သုံးလက်၊  တရုတ်ပစ္စတိုနှစ်လက်၊ တရုတ်လုပ် လက်ပစ်ဗုံးနှစ်လုံး၊ အဝေးကြည့် မှန်ပြောင်းတစ်ခု၊  AK  ရိုင်ဖယ်အတွက် ကျည်အိမ်ခြောက်ခု၊ ပစ္စတိုကျည်အိမ်နှစ်ခုနှင့် အခြား ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

ပြည်ပသံတမန် ၂၀ ကျော်သည် ယခုသီတင်းပတ်အစောပိုင်းတွင် ဂျမူးနှင့်ကက်ရှမီးယားဒေသရှိ မြေပြင် အခြေအနေကိုလေ့လာရန်နှင့် လူ့အခွင့်အရေးအခြေအနေကို သိရှိနိုင်ရန်လာရောက်ခြင်းဖြစ်သည်။

အဆိုပါသံတမန်များ ရောက်ရှိသည့်နေ့မှာပင် အကြမ်းဖက်သမားများက ဗုံးခွဲတိုက်ခိုက်ရန်စီစဉ်ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့များက ဟန့်တားလိုက်နိုင်သည်။ ထို့ပြင် နာမည်ကြီးစားသောက်ဆိုင်ပိုင်ရှင်၏သား တစ်ဦးကို အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်သည့် နောက်ထပ်အကြမ်းဖက်မှု တစ်ခုဖြစ်ပွား ကြောင်းနှင့် အကြမ်းဖက်သမားများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ 

အဆိုပါစား သောက်ဆိုင်သည် ပြည်ပသံတမန်များနေထိုင်သည့် ဟိုတယ်အနီးတွင်တည်ရှိခြင်းဖြစ်ကြောင်း သိရသည်။  

Ref: Sputnik