အိန္ဒိယနိုင်ငံ၌ ဗြောက်အိုးစက်ရုံပေါက်ကွဲမှုဖြစ်ပွား လူ ၁၉ ဦးသေဆုံး

နယူးဒေလီ၊ မတော်တဆမှု

အိန္ဒိယနိုင်ငံ၌ ဗြောက်အိုးထုတ်လုပ်သည့် စက်ရုံတစ်ရုံပေါက်ကွဲမှုဖြစ်ပွားရာ လူ ၁၉ ဦးသေဆုံးပြီး ဒါဇင်ပေါင်း များစွာ ထိခိုက်ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများ က ဖေဖော်ဝါရီ ၁၃ ရက်တွင်ပြောသည်။

ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲပိုင်းတွင် ဖြစ်ပွားသော နိုင်ငံတောင်ပိုင်း တမီနာဒူး ပြည်နယ်  ဗီရှုဒူနာဂါခရိုင်ရှိ  ဗြောက်အိုး စက်ရုံပေါက်ကွဲမှုသည်  ယခုနှစ်အတွင်း ယင်းပြည်နယ်၌ဖြစ်ပွားသော အဆိုးရွားဆုံး မတော်မဆမှု များအတွင်း တစ်ခုအပါအဝင် ဖြစ်သည်။

ဒဏ်ရာရရှိသူများအနက်  အချို့သည် ဆိုးဆိုးဝါးဝါးမီးလောင်ခံရကြောင်းနှင့် သေဆုံးသူအရေအတွက်သည်လည်း မြင့်တက်လာနိုင်ကြောင်း ဒေသတွင်းတာဝန်ရှိ သူ အာကင်နန်က AFP သတင်းဌာနသို့ ပြောသည်။ ပေါက်ကွဲမှု ဖြစ်ပွားစဉ် စက်ရုံအတွင်း၌ လူ ၇၄ ဦးခန့်ရှိကြောင်း ကင်နန်ကပြော သည်။ အဆိုပါစက်ရုံသည် တရားမဝင် လည်ပတ်နေခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

စက်ရုံပိုင်ရှင်မှာမူ ထွက်ပြေးလွတ်မြောက် နေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များသည် ပေါက်ကွဲ မှုဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း  The Newsminute သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါပေါက်ကွဲမှုအတွင်း သေဆုံးသူများ၏ မိသားစုဝင်များကို ရူပီးနှစ်သိန်းစီ ပေးအပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ကြေညာချက်ထုတ်ပြန် ထားကြောင်းသိရသည်။     

Ref: TST