အိန္ဒိယပြည်သူသုံးပုံနှစ်ပုံတွင် ကိုဗစ်-၁၉ ရောဂါဒဏ်ခံနိုင်သည့် ပဋိပစ္စည်းများ ပိုင်ဆိုင် ထားဟုဆို

အိန္ဒိယပြည်သူသုံးပုံနှစ်ပုံတွင် ကိုဗစ်-၁၉ ရောဂါဒဏ်ခံနိုင်သည့် ပဋိပစ္စည်းများ ပိုင်ဆိုင် ထားဟုဆို

နယူးဒေလီ၊  ကျန်းမာရေး

အိန္ဒိယနိုင်ငံရှိ ပြည်သူအားလုံးအနက် သုံးပုံနှစ်ပုံသည်   ကိုဗစ်-၁၉ ရောဂါ ဒဏ်ခံနိုင်သည့် ပဋိပစ္စည်းများကို ပိုင်ဆိုင်ထား ကြောင်း ဆန်းစစ်လေ့လာချက်တစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါ ဆန်းစစ်လေ့လာချက်ကို ယခု နှစ် ဇွန်လမှ  ဇူလိုင်လအထိ လုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီး ယင်းကာလအတွင်း တစ်နိုင်ငံလုံးရှိ လူပေါင်း ၂၉၀၀၀ ကိုစစ်ဆေးရာမှ လူဦးရေ၏သုံးပုံနှစ်ပုံမှာ ရောဂါဒဏ်ခံနိုင်သည့် ပဋိပစ္စည်းများအား ပိုင်ဆိုင်ထားသည်ကို တွေ့ရခြင်းဖြစ်ကြောင်း ဇူလိုင်၂၀ ရက် တွင်ထုတ်ပြန်သည့် လေ့လာချက်၌ ဖော်ပြသည်။ စစ်ဆေးရာတွင်ပါဝင်သူများအနက် ပထမဆုံးအကြိမ်အဖြစ် အသက် ၆ နှစ်မှ  ၁၇ နှစ်ရှိ အရွယ်မရောက်သေးသူ ၈၆၉၁ ဦး ပါဝင်သည်။ ၎င်းတို့အနက်ထက်ဝက်ခန့်မှာ  ပဋိပစ္စည်း များကို   ပိုင်ဆိုင်ထားကြောင်း  သုတေသီများက တွေ့ရှိခြင်းဖြစ်သည်။ 

အလားတူ စစ်ဆေးမှုခံယူသူအရွယ်ရောက် ပြီးသူများအနက် ၆၇ ဒသမ ၆ ရာခိုင်နှုန်း တွင်လည်း ရောဂါဒဏ်ခံနိုင်သည့် ပဋိပစ္စည်းများပါဝင်နေသည်ကို တွေ့ရကြောင်းလေ့လာ ချက်တွင်  ဆက်လက်ဖော်ပြသည်။

အိန္ဒိယနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ဒုတိယအကြိမ်ကူးစက်မှုတွင် နိုင်ငံအတွင်းရှိ   ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ   အကြီးအကျယ် ထိခိုက်ခဲ့သော်လည်း   နေ့စဉ်ရောဂါ ကူးစက်မှုနှုန်းမှာ လေးလတိုင်ကျဆင်းလျက်ရှိသည်။ သို့ရာတွင် ရောဂါကူးစက်မှုနှုန်း ကျဆင်းလာခြင်းကြောင့် အစိုးရအနေဖြင့် ပိတ်ထားသည့် မြို့ကြီးပြကြီးများနှင့်     ခရီးသည်များ ဆွဲဆောင်ရာနေရာများကို   အလျင်စလို ပြန်လည်ဖွင့်လှစ်ခြင်းသည်    ရောဂါ ကူးစက်မှုနှုန်းကို ပြန်လည်မြင့်တက်လာစေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေး ထားသည်။

စီးပွားရေးမြို့တော်ဖြစ်သည့်  မွမ်ဘိုင်းမြို့ရှိ အသက် ၁၈ နှစ်အောက်ကလေးငယ် စုစုပေါင်း၏ ထက်ဝက်ခန့်သည်  ရောဂါ ကူးစက်ခံရနိုင်သည့် အလားအလာရှိသော်လည်း ၎င်းတို့တွင် ရောဂါဒဏ်ခံနိုင်သည့် ပဋိပစ္စည်းများကို ပိုင်ဆိုင်ထားကြောင်း ပြီးခဲ့သည့် လအတွင်းကထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။ သို့သော် နိုင်ငံအတွင်း ရောဂါကူးစက်မှု တတိယအကြိမ်ဖြစ်ပွားပါက ကလေးသူငယ်များ ရောဂါ ကူးစက်ခံရမည့်အန္တရာယ်ရှိ ကြောင်း ပညာရှင်များကသတိပေးထားပြီး မွမ်ဘိုင်းမြို့တော် အာဏာပိုင်များအနေဖြင့် ကြိုတင်ပြင်ဆင်မှုများကို  လုပ်ဆောင်ထားကြောင်းသိရသည်။

Ref: CAN