အီဂျစ်၌ နှစ် ၅၀၀၀ ကျော်သက်တမ်းရှိ ဘီယာထုတ်လုပ်ရာနေရာကိုတွေ့ရှိ

ကိုင်ရို၊ ရှေးဟောင်းသုတေသန

ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့တစ်ဖွဲ့သည်  အီဂျစ်နိုင်ငံတောင်ပိုင်းရှိ ရှေးဟောင်းသုသာန်နေရာတစ်ခုမှ နှစ်ပေါင်း ၅၀၀၀ ကျော်သက်တမ်းရှိ ဘီယာထုတ်လုပ်ရာ နေရာတစ်ခုကိုတွေ့ရှိကြောင်း ခရီးသွားလာရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၃ ရက်တွင်ထုတ်ပြန်သည်။

အဆိုပါနေရာ၌ နှစ်တန်းစီထားသည့် မြေအိုးအလုံး ၄၀ ပါဝင်သော ဘီယာချက်လုပ်ငန်းသုံး ပစ္စည်းများကို တွေ့ရှိခြင်းဖြစ်သည်။ ထိုနေရာသည် နာမာဘုရင်အုပ်စိုးစဉ်ခေတ်က တည်ရှိသည့်နေရာ ဖြစ်နိုင်ကြောင်း အီဂျစ်ရှေးဟောင်းပစ္စည်းကောင်စီမှ အတွင်းရေးမှူးချုပ်က ပြောသည်။

ထို့ပြင် တွေ့ရှိသည့်ဘီယာထုတ်လုပ်ရာနေရာသည်  ကမ္ဘာတွင် ရှေးအကျဆုံး ဘီယာအများအပြား ထုတ်လုပ် သည့်နေရာ ဖြစ်နိုင်ကြောင်း ၎င်းကဆက်ပြောသည်။ နာမာဘုရင်သည် ပထမမင်းဆက်ကို တည်ထောင်ကာ     အထက်ပိုင်းနှင့် အောက်ပိုင်းအီဂျစ်တို့ကို ပေါင်းစည်းစေခဲ့သည့် ဘုရင်ဖြစ်ကြောင်း သိရသည်။

Ref: TST