အီရန်က သုတေသနဓာတ်ပေါင်းဖိုအတွက် လောင်စာကိုအဆင့်မြှင့်ရန် သုတေသနပြုမှုစတင်

 

အီရန်တာဝန်ရှိသူများသည် တီဟီရန် သုတေသနနျူကလီးယားဓာတ်ပေါင်းဖို အတွက် လောင်စာကို အဆင့်မြှင့်ရန် သုတေ သနနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစတင်နေ ပြီဖြစ်ကြောင်း ဗီယင်နာမြို့အခြေစိုက် နိုင်ငံ တကာအဖွဲ့အစည်းများအတွက် အီရန်၏ အမြဲတမ်းကိုယ်စားလှယ်နှင့်  သံအမတ် ကာဇမ်ဂါရီ ဘာဘာဒီကပြောသည်။

အီရန်၏ထိုလုပ်ဆောင်ချက်နှင့်ပတ်သက်၍ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက  အဖွဲ့ဝင်နိုင်ငံများ ကိုသတင်းပို့ထားကြောင်း ဂါရီဘာဘာဒီက ဇန်နဝါရီ ၁၄  ရက်တွင်ပြောသည်။ တီဟီရန် သုတေသန ဓာတ်ပေါင်းဖိုအတွက်   လောင်စာကိုအဆင့်မြှင့်မှုကိုအဆင့် သုံးဆင့်ဖြင့်ဆောင်ရွက်မည်ဖြစ်ပြီး ပထမအဆင့်တွင် သဘာဝယူရေနီယံများကိုအသုံးပြုပြီး ယူရေနီယံသတ္တုကို ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။

အီရန်အစိုးရသည် ထိုအဆင့်အားလုံး နှင့်ပတ်သက်၍ နိုင်ငံတကာအေဂျင်စီကို သတင်းပို့ထားကြောင်းနှင့် ထိုအေဂျင်စီမှ စစ်ဆေးရေးတာဝန်ရှိသူများအနေဖြင့် ပြီးခဲ့ သည့်ရက်များအတွင်း လောင်စာပြားထုတ် လုပ်ရေးစက်ရုံသို့ လာရောက်သွားကြောင်း  ဂါရီဘာဘာဒီကပြောထားသည်။ အီရန်သည် အရေးယူ ပိတ်ဆို့မှုများအပေါ် တန်ပြန်ရေးမဟာဗျူဟာ၏တစ်စိတ်တစ်ပိုင်း အဖြစ် ဇန်နဝါရီ ၄ ရက်တွင် ၂၀ ရာခိုင် နှုန်းသန့်စင်သော ယူရေနီယံထုတ်လုပ်ရေး လုပ်ငန်းကိုစတင်ကြောင်း သိရသည်။