အီရန်နှင့်ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား နျူကလီးယားအရေး နောက်ဆုံးဆွေးနွေးပွဲစတင်

တီဟီရန်၊ နိုင်ငံရေး

အီရန်နှင့်ကမ္ဘာ့အင်အားကြီးနိုင်ငံများမှ ကိုယ်စားလှယ်များသည် ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူစာချုပ် ပြန်အသက်ဝင်စေရန် နောက်ဆုံးအဆင့်ဆွေးနွေးပွဲကို စတင်ကြောင်းသိရသည်။ ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူ စာချုပ်ပြန်အသက်ဝင်စေရေး ပဉ္စမအကြိမ်မြောက် ဆွေးနွေးပွဲကို ဗီယင်နာမြို့၌ စတင်ခြင်းဖြစ်သည်။

ထိုဆွေးနွေးပွဲတွင် ဆွေးနွေးရမည့် ကိစ္စအချို့ကျန်ရှိနေသော်လည်း ယခုဆွေးနွေးပွဲသည် နောက်ဆုံးဆွေးနွေးပွဲဖြစ်နိုင်ကြောင်း အီရန်နှင့်ရုရှားနိုင်ငံမှ တာဝန်ရှိသူများက မေ ၃၁ ရက်တွင် ပြောသည်။ နျူကလီးယား သဘောတူစာချုပ် ပြန်အသက်ဝင်လာပါက အမေရိကန်အစိုးရအနေဖြင့် အီရန်နိုင်ငံ၏ ရေနံလုပ်ငန်း၊ ဘဏ်လုပ်ငန်းနှင့် သင်္ဘောဖြင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ထားခြင်းကို ဖြေလျှော့ပေးရမည်ဖြစ်သည်။

အမေရိကန်၏ အရေးယူပိတ်ဆို့မှုများကြောင့် စီးပွားရေးထိခိုက်ခဲ့ရသည့် အီရန်နိုင်ငံသည် ရေနံစိမ်းထုတ်လုပ်မှုကို တိုးမြှင့်လုပ် ဆောင်ရန်နှင့် သဘောတူစာချုပ်တွင်ပါဝင်သော ပို့ကုန်များတင်ပို့နိုင်ရေး တိုးမြှင့်ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း သိရသည်။         Ref: TST