အီရန်ရေတပ်သင်္ဘောတစ်စင်း ပင်လယ်ကွေ့၌ မီးလောင်ပြီးနောက်နစ်မြုပ်

တီဟီရန်၊ မတော်တဆမှု

အီရန်နိုင်ငံ၏ အကြီးဆုံး ရေတပ်သင်္ဘောတစ်စင်းသည် ပင်လယ်ကွေ့အစွန်အနီး မဟာဗျူဟာဆိပ်ကမ်းအလွန်၌ မီးလောင်ပြီးနောက် ဇွန် ၂ ရက်တွင် နစ်မြုပ်သွားကြောင်း အီရန်ရေတပ်ကပြောသည်။ အရှည်မီတာ ၂၀၀ ကျော်ရှိ အဆိုပါ ထောက်ပံ့ရေးရေယာဉ်သည်  အိုမန်ပင်လယ်ကွေ့ရှိ ဂျတ်ဆိပ်ကမ်းအလွန်၌ ဇွန် ၁ ရက်တွင်မီးလောင်ခြင်းဖြစ်ပြီး သင်္ဘော၏စနစ်တစ်ခုမှစ၍ မီးလောင်ခြင်း ဖြစ်ကြောင်းရေတပ်ကထုတ်ပြန်သည်။

အဆိုပါသင်္ဘောပေါ်၌ မီးငြှိမ်းသတ်ရေးကို နာရီပေါင်း ၂၀ ကြာအောင်လုပ်ဆောင်ခဲ့သော်လည်း    သင်္ဘောမှာနစ်မြုပ်သွားကြောင်းနှင့် အမှုထမ်းအားလုံးမှာသင်္ဘောပေါ်မှ ဘေးကင်းလုံခြုံစွာဆင်းလာနိုင်ကြောင်း ဒေသတွင်းသတင်းဌာနက ဖော်ပြထားသည်။ နိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့်ထားသောဗီဒီယိုဖိုင်အရ မီးလောင်နေသောထိုရေယာဉ်မှ မီးခိုးများစွာမြင့်တက်နေကြောင်း သိရသည်။ ထိုသင်္ဘောကို ၁၉၇၆ ခုနှစ်တွင် ဗြိတိန်နိုင်ငံမှမှာယူခဲ့ခြင်းဖြစ်သည်။ အဆိုပါသင်္ဘောသည် ပင်လယ်၌ စစ်သင်္ဘောများကိုပြန် လည်ထောက်ပံ့နိုင်သည့် တစ်ခုတည်းသောရေယာဉ်ဖြစ်သည့် အတွက် အီရန်နိုင်ငံအတွက်အရေးပါသော သင်္ဘောဖြစ်ကြောင်း သိရသည်။

Ref: Bangkok Post