အုတ်တွင်းမြို့၊ ဈေးရပ်ကွက်၊ ဈေးကျောင်းတိုက်၌ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာဆံ့ ၆၀ လုံး ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက်ရုံဖွင့်လှစ်

အုတ်တွင်းမြို့၊ ဈေးရပ်ကွက်၊ ဈေးကျောင်းတိုက်၌ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာဆံ့ ၆၀ လုံး ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက်ရုံဖွင့်လှစ်

နေပြည်တော်၊ စက်တင်ဘာ- ၃၀

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ ဈေးရပ်ကွက်၊ ဈေးကျောင်းတိုက်၌ တည်ဆောက်ပြီးစီးခဲ့သည့် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ် ရာ ရင်ခုန်သံရှင်ရေးကူညီမှုအသင်းနာယက ဆရာတော် ဘဒ္ဒန္တ တေဇသီရိ၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းလူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ ရင်ခုန်သံရှင်ရေးကူညီမှုအသင်း နာယက ဆရာတော် ဘဒ္ဒန္တ တေဇသီရီ က ဩဝါဒစကားမိန့်ကြားပြီး တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက Oxygen Plant တည်ဆောက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆရာတော် ဘဒ္ဒန္တ တေဇသီရိနှင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ရင်ခုန်သံအောက်ဆီဂျင် စက်ရုံအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး Oxygen Plant အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံသည် Jailer.10NM3 အမျိုးအစားဖြစ်ကာ စွမ်းအားကုန် လည်ပတ်ပါက တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၆၀ လုံး ထုတ်လုပ် နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။