အေအိုင်ဒီအက်(စ်)ရောဂါရှိသူ အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ဗီဇပြောင်းလဲမှု  ၃၂ ကြိမ်တိုင်တိုင်ဖြစ်ပေါ်

တောင်အာဖရိကဒေသမှ အေအိုင်ဒီ အက်(စ်)ရောဂါရှိသူ အမျိုးသမီး တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးဗီဇပြောင်းလဲမှု ၃၂ ကြိမ် တိုင်တိုင်ဖြစ်ပေါ်သည်ကို တွေ့ရကြောင်း နှင့် ပြောင်းလဲသော ဗီဇများသည်လည်း အလွန်အန္တရာယ် များကြောင်း သိပ္ပံပညာ ရှင်များက ထုတ်ပြန်သည်။

သိပ္ပံပညာရှင်များသည် အေအိုင်ဒီ အက်(စ်)ရောဂါရှိသူများ အနေဖြင့် ကိုဗစ်- ၁၉ ရောဂါပိုးကို မည်ကဲ့သို့တုံ့ပြန်သည်ကို  သိရှိနိုင်ရေး သုတေသန လုပ်စဉ် ယခုကဲ့သို့ တွေ့ရှိရခြင်းဖြစ်သည်။

အသက် ၃၆ နှစ်ရှိ အဆိုပါအမျိုးသမီးသည် ၂ဝဝ၆ ခုနှစ်တွင် အေအိုင်ဒီအက်(စ်) ရောဂါဖြစ်ပွားကာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် အဆိုပါရောဂါပိုး၏ စပိုက်ပရိုတိန်းတွင် ဗီဇပြောင်းလဲမှု ၁၃ ခုနှင့် ရောဂါပိုး၏ ပြုမူလုပ်ဆောင်ပုံကို ပြောင်းလဲစေသည့် မျိုးရိုး ဗီဇ ၁၉ မျိုး ပြောင်းလဲကြောင်း တွေ့ရသည်။

လက်ရှိအချိန်တွင် အေအိုင်ဒီအက်(စ်) ရောဂါသည်များက ကိုဗစ်-၁၉ ရောဂါပိုမို ကူးစက်လွယ်ပြီး ပြင်းထန်သည့် ရောဂါပိုးများကို  ပြန်ထုတ်ပေးသူများ ဖြစ်သည်ဟု ပြောရန်    အချိန်စောနေသေးကြောင်း၊ အကယ်၍ အလားတူဖြစ်စဉ်များကို တွေ့ရှိမှု များပြားလာပါက ထိုရောဂါသည်များသည် ဗီဇပြောင်း   ကိုဗစ်-၁၉ ရောဂါပိုး များကို ထုတ်လုပ်ဖြန့်ဖြူးပေးနေသူများ ဖြစ်လာနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောသည်ဟု

သိရသည်။