အေးချမ်းစွာ နေထိုင်သော ပြည်သူလူထုအချို့အား လက်နက်ကိုင်အကြမ်းဖက်သူများက အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်

အေးချမ်းစွာ နေထိုင်သော ပြည်သူလူထုအချို့အား လက်နက်ကိုင်အကြမ်းဖက်သူများက အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်

 
နေပြည်တော်၊ ဩဂုတ် ၁၄

 
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားများလွှမ်းမိုးလာစေရန် တစ်ဖက်သက်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံ၍ လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ဓားများ အသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့အကြမ်းဖက်ပြုလုပ်ရာတွင် ဩဂုတ်လ ၁၃ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်၊ မူကြိုကျောင်းဝင်းအတွင်းရှိ “ငြိမ်းချမ်းရေး”လျှပ်စစ် ပစ္စည်းပြုပြင်ရေးဆိုင်၌ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ဥက္ကဋ္ဌ ဦးဟန်သာ(၇၀)နှစ် (ဘ)ဦးစံရွှေမှာ ဓားထိုးခံရ၍ သေဆုံးခဲ့ ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဆိုင်သို့ အကြမ်း ဖက်သူ အမျိုးသား ၄ ဦး က ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဦးဟန်သာအား ဒလန်ဟု စွပ်စွဲကာ အမျိုးသား ၂ ဦးမှ အသင့်ပါလာသော ဓားမြှောင်ဖြင့် ဝိုင်းဝန်းထိုးနှက်ခဲ့ရာ ဦးဟန်သာတွင် လည်ပင်း၊ ဝမ်းဗိုက်နှင့် ဝဲတံတောင်တို့တွင် ထိုးသွင်း/ပြတ်ရှ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ည ၈ နာရီ ၅၀ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ အမျိုးသား ၁ ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ မောင်ထိန်(၄၀)နှစ် (ဘ)ဉီးပန်းစိန်သည် ၎င်း၏ နေအိမ်ရှေ့တွင် စတီးသံပန်းသံတံခါးလုပ်ငန်းလုပ်ကိုင်နေစဉ် ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သူ အမျိုးသား ၁ ဉီး(စိစစ်ဆဲ)က သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ကာ လမိုင်းမြို့ဘက်သို့ မောင်းနှင်ထွက်ပြေး သွားခဲ့သဖြင့် မောင်ထိန်တွင် ဝဲ/ယာပေါင် တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း တွေ့ရှိရသဖြင့် ဆေးဝါးကုသနိုင်ရေး လမိုင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆောင်ထားရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များတွင် အေးချမ်းစွာနေထိုင်နေကြသော ပြည်သူလူထုများအား အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့်အကြမ်းဖက်သူများအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေး အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။