အေးသာယာမြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ၌ နေအိမ်တိုက်ခန်းသော့နှင့် နေထိုင်ခွင့်ကတ်ပြားများပေးအပ်

အေးသာယာမြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ၌ နေအိမ်တိုက်ခန်းသော့နှင့် နေထိုင်ခွင့်ကတ်ပြားများပေးအပ်

 
နေပြည်တော်၊ နိုဝင်ဘာ - ၁

 
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အေးသာယာမြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာ နေအိမ်တိုက်ခန်းသော့နှင့် နေထိုင်ခွင့်ကတ်ပြားများ ဒုတိယအကြိမ် ပေးအပ် ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါအဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ယာ ခန်းမ ၌ပြုလုပ်ရာ အရှေိ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်နှင့် တာဝန် ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး နေထိုင်ခွင့်ရရှိသော စစ်မှု ထမ်းဟောင်း မိသားစုဝင်များအား နေအိမ်တိုက်ခန်းသော့နှင့် နေထိုင်ခွင့် ကတ်ပြား များပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆင့်မြင့် စစ်မှု ထမ်းဟောင်းအိမ်ယာများ၌ နေထိုင်နေမှုအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။