အ‌နောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ မှီခိုသူ သား၊ သမီး ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ကြားလျက်ရှိသည့် နွေရာသီသင်တန်းများ ဆင်းပွဲပြုလုပ်

နေပြည်တော်၊ မေ - ၂၈

အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ မှီခိုသူ သား၊ သမီး ကျောင်းသား၊ ကျောင်းသူများ အခြေခံအင်္ဂလိပ်စာ သဒ္ဒါနှင့်စကားပြော သင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းများ ဆင်းပွဲကို ယနေ့နံနက်ပိုင်း တွင် တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များနှင့် ဆရာမ ၂ ဦးအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

အဆိုပါအခြေခံအင်္ဂလိပ်စာ သဒ္ဒါနှင့် စကားပြောသင်တန်းကို ကျောင်းသား၊ ကျောင်းသူ ၃၅ ဦးဖြင့် လည်းကောင်း၊ ကွန်ပျူတာသင်တန်းကို ကျောင်းသား၊ ကျောင်းသူ ၁၀၁ ဦးဖြင့် လည်းကောင်း၊ မြန်မာ့သိုင်းသင်တန်းကို ကျောင်းသား၊ ကျောင်းသူ ၇၃ ဦးဖြင့် လည်းကောင်း၊ စုစုပေါင်း သင်တန်းသား ကျောင်းသား၊ ကျောင်းသူ ၂၀၉ ဦးဖြင့် ဧပြီ ၂၆ ရက်မှ ယနေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။