ဥရောပ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှုန်းက ရောဂါပြန်မပေါ်စေရေးအတွက် အလှမ်းကွာနေဆဲဖြစ်

ကိုပင်ဟေဂင်၊ ကျန်းမာရေး

ဥရောပဒေသရှိ  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှုန်းသည် ထိုဒေသအတွင်း ရောဂါပြန်မပေါ်စေရေးအတွက် လိုအပ်ချက်နှင့်   အလှမ်းကွာနေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇွန် ၁၀ ရက်တွင် သတိပေးသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် ဥရောပဒေသ တွင် ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးသူ ၃၀ ရာခိုင်နှုန်းနှင့် နှစ်ကြိမ်ထိုးပြီးသူ ၁၇ ရာခိုင် နှုန်းသာရှိကြောင်း ထိုအဖွဲ့မှတာဝန်ရှိသူ တစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထို့ကြောင့်  ဥရောပဒေသတစ်ခုလုံးတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုပြန်မပေါ်စေရေး အတွက် အရွယ်ရောက်ပြီးသူ ၈၀ ရာခိုင် နှုန်းကို ကာကွယ်ဆေးထိုးပြီးမည့်အချိန်ကိုမသတ်မှတ်နိုင်သေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဥရောပဒေသညွှန်ကြားရေးမှူး ဟန်စက လူ့ကပြောသည်။

လက်ရှိတွင် ဥရောပဒေသ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း၊ ဆေးရုံတက်ရောက်မှု နှုန်းနှင့် သေဆုံးမှုနှုန်းမှာ နှစ်လဆက်တိုက် ကျဆင်းလာကြောင်း၊ သို့သော် နိုင်ငံများ အနေဖြင့် ပြီးခဲ့သည့်နှစ်နွေရာသီတွင် ပြုလုပ်မိသည့်အမှားဖြစ်သော အချိန်မတိုင်မီ ဖြေလျှော့ ပေးမှုများကို နောက်တစ်ကြိမ်မပြုလုပ်မိစေရန် သတိထားရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့်နှစ်နွေရာသီတွင် တားမြစ်ချက်များကို အချိန်မတိုင်မီဖြေလျှော့ပေးမှု များကြောင့် သက်ငယ်ပိုင်းများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်လာကာ ၎င်းတို့ မှတစ်ဆင့် သက်ကြီးပိုင်းသို့ကူး စက်လာကြောင်းနှင့်   ထိုရောဂါဖြစ်ပွားမှုပြန်လည်

ပေါ်ပေါက်လာကြောင်းသိရသည်။

Ref: TST