ဦးမန်း၀င်းခိုင်သန်း(ဘ)ဦးမန်းသန်းရှိန် ကို ဥပဒေနှင့်အညီ တရားစွဲဆို 

ဦးမန်း၀င်းခိုင်သန်း(ဘ)ဦးမန်းသန်းရှိန် ကို ဥပဒေနှင့်အညီ တရားစွဲဆို 

နေပြည်တော် မတ် ၁၇ 

ဦးမန်း၀င်းခိုင်သန်း(ဘ)ဦးမန်းသန်းရှိန် ကို ဥပဒေနှင့်အညီ တရားစွဲဆိုထားကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ သတင်းထုတ်ပြန်ချက်အရ ကရင်ပြည်နယ်၊ မြ၀တီမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဦးမန်း၀င်းခိုင်သန်း(ဘ)ဦးမန်းသန်းရှိန် သည် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန် နေသော တရားမ၀င်သည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ ခေတ္တဒုတိယ သမ္မတအဖြစ် ခန့်အပ်ခြင်းကို လက်ခံပြီး နိုင်ငံတော်အစိုးရအား သစ္စာဖောက်ဖျက်ကာ လူမှုကွန်ရက်မှ နေ၍ စင်ပြိုင်အစိုးရသဖွယ် နိုင်ငံတော် အကြီးအကဲ တစ်ဦးကဲ့သို့ မိန့်ခွန်းပြောကြားခြင်း၊ ၎င်း၏ ပြောကြားချက်များတွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တရား၀င်ရပ်တည်လျက်ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(အစိုးရ) အား ဆန့်ကျင်ဖြိုဖျက်ရန်လှုံ့ဆော်တိုက်တွန်းမှုများ ပြုလုပ်သဖြင့် ၎င်းအား ရာဇသတ်ကြီးပုဒ်မ ၁၂၂ (၁)ဖြင့် မတ် ၁၇ ရက်တွင် မြ၀တီ ခရိုင်တရားရုံးသို့ တရားစွဲဆိုထားရှိရာ ရာဇ၀တ်ကြီးမှုအမှတ် (၂၁/၂၀၂၁) ဖြင့် လက်ခံစစ်ဆေးလျက်ရှိကြောင်း သိရ သည်။