ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အခြေခံပညာ ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အခြေခံပညာ ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နှင့် ဇလွန်မြို့တို့ရှိ အခြေခံပညာ ကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ စာသင်ကျောင်းများအတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် အမှိုက်များရှင်းလင်းခြင်းတို့အား ဆောင်ရွက်ပေးသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အခြေခံပညာအထက်တန်းကျောင်း (နတ်စင်ကုန်း)၊ ထီးနီကုန်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် ထန်းတပင်မြို့၊ ဆိပ်ကြီးရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)များ၏ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စုပေါင်း၍ ကျောင်းဝင်းများအတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းခြင်း ကျောင်းဆောင်များနှင့် စာသင်ခုံများ ပြင်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။