ဧရာဝတီမြစ်ရေမြင့်တက်ပြီး တာဘောင်ကျိုးမှုကြောင့် အမရပူရမြို့နယ်ရှိ ရေနစ်မြုပ်မှု ဖြစ်ပေါ် ခဲ့သောကျေးရွာများရှိ ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီမြစ်ရေမြင့်တက်ပြီး တာဘောင်ကျိုးမှုကြောင့် အမရပူရမြို့နယ်ရှိ ရေနစ်မြုပ်မှု ဖြစ်ပေါ် ခဲ့သောကျေးရွာများရှိ ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၂၁

ဧရာဝတီမြစ်ရေမြင့်တက်ပြီး တာဘောင်ကျိုးမှုကြောင့် ရေနစ်မြုပ်မှုုဖြစ်ပေါ်ခဲ့သော မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ ယင်းတော်ရပ်ကွက်၊ ဈေးချို ရပ်ကွက်နှင့် ကျန်းတန်းရပ်များရှိ ရေဘေးသင့်ပြည်သူများအား ယာယီရေဘေးရှောင်စခန်း များ၌ ယနေ့နံနက်ပိုင်းမှစတင်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊နယ်မြေခံဆေးတပ်ရင်းမှ ဆေးကုသရေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ယာယီရေဘေးရှောင်စခန်းများဖြစ်သည့် မှန်တန်း ရပ်ကွက်ရှိ ရန်အောင်မြင်ဘုရားဝင်း၊ မိုးကောင်းဘုရားဝင်း၊ ရှင်ပင်ဆတ်သွားဘုရားဝင်း၊ သံသေ ကပ်ကျော်ဘုရားဝင်းနှင့် မန်းကျီးတောဘုန်းကြီးကျောင်းတို့ရှိ ဓမ္မာရုံများတွင် ရေဘေးရှောင် ပြည်သူများအား Covid-19 ရောဂါကာကွယ်ရေးအထောက်အကူပြုဖြစ်စေရန်အတွက်Mask များဖြန့်ဝေပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် လိုအပ်သည့်ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်ပေးမှုများကို မန္တလေးတပ်နယ်မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် တံတားဦးမြို့နယ်၊ လက်ဆောင်ယူ ကျေးရွာအတွင်း ဇူလိုင် ၂၀ ရက်တွင် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်ပြည်သူ များအား နယ်မြေခံတပ်မတော်သားများက ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။ ယနေ့တွင် ကျောက်ဆည်တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွေးနှင့် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအတွက် ရေသန့် ၃၀၀ ဘူး၊ ကြက်ဥ ၅၀၀ လုံး၊ ခေါက်ဆွဲခြောက် ၈ ဖာနှင့် ကော်ဖီမစ်ထုပ်များ ပေးအပ်ပြီး နယ်မြေခံဆေးကုသရေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။