၁၀ နှစ်ကျော်အတွင်း ကမ္ဘာတစ်ဝန်းသစ်တောဆုံးရှုံးမှု ဂျာမနီတစ်နိုင်ငံစာရှိ

 

ကမ္ဘာတစ်ဝန်း၌ ၁၀ နှစ်ကျော်အတွင်း သစ်တောဆုံးရှုံးမှုဧရိယာစုစုပေါင်း ဟက်တာ ၄၃ သန်းရှိသော ကြောင့် ထိုပမာဏသည် ဂျာမနီတစ်နိုင်ငံစာရှိကြောင်းသိရသည်။

ထို့ပြင် အဆိုပါပမာဏသည်   လက်တစ်ဆုပ်စာမျှသာရှိသော သစ်တောဆုံးရှုံးသည့်နေရာများ၏ စုစု ပေါင်းပမာဏဖြစ်ကြောင်း ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (WWF) က ဇန်နဝါရီ ၁၃ ရက်တွင် ထုတ်ပြန်သည်။

အဓိကအားဖြင့် စက်မှုစိုက်ပျိုးရေးလုပ်ငန်းများကြောင့်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရန်  ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝသောနယ်မြေများ  ခုတ်ထွင်ရှင်းလင်းခံရခြင်းကြောင့် တစ်နှစ်ထက်တစ်နှစ် သစ်တောဆုံးရှုံးမှုပိုမိုများပြားလာကြောင်းသိရသည်။

တစ်ကမ္ဘာလုံးရှိ သစ်တောပြုန်းတီးမှုနယ်မြေစုစုပေါင်းအနက် ထက်ဝက်ကျော်မှာ တောင်အမေရိက၊   အာဖရိကနှင့် အရှေ့တောင်အာရှဒေသတို့ရှိ သစ်တောပြုန်းတီးရာနေရာ ၂၉ ခုမှဖြစ်ကြောင်း WWF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သစ်တောပြုန်းတီးမှုအများဆုံးနေရာများမှာ ဘရာဇီးနိုင်ငံရှိ အမေဇုန်နှင့်ဆာရာဒို၊ ဘိုလစ်ဗီးယားနိုင်ငံရှိ အမေဇုန်၊ ပါရာဂွေး၊ အာဂျင်တီးနား၊ မာဒါဂက်စကာ၊ အင်ဒိုနီးရှားနိုင်ငံရှိ ဆူမားတြားနှင့်  ဘော်နီယို ကျွန်းတစ်လျှောက်နှင့်  မလေးရှားနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

ကမ္ဘာပေါ်ရှိတိရစ္ဆာန်များနှင့်အပင်များစုစုပေါင်း၏ ၅ ရာခိုင်နှုန်းရှိသော ဆာရာဒိုဒေသတွင် ပဲပုပ် စိုက်ပျိုးမှုနှင့် ကျွဲနွားများမွေးမြူမှုအတွက် သစ်တောများခုတ်ထွင်ရှင်းလင်းမှုမှာ အရှိန်အဟုန်မြင့် တက်နေပြီး ၂၀၀၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း သစ်တောဆုံးရှုံးမှုပမာဏ ၃၂ ဒသမ ၈ ရာခိုင်နှုန်းရှိ ကြောင်းသိရသည်။