(၁၁)ကြိမ်မြောက်အာဆီယံတပ်မတော် စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး 1th ASEAN Military Operation Meeting (11th AMOM) ကျင်းပ

(၁၁)ကြိမ်မြောက်အာဆီယံတပ်မတော် စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး 1th ASEAN Military Operation Meeting (11th AMOM) ကျင်းပ

နေပြည်တော် ၊ မတ် - ၁၀

(၁၁)ကြိမ်မြောက်အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး 1th ASEAN Military Operation Meeting (11th AMOM) ကို Online Video Conferencing စနစ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည်။

အဆိုပါ Video Conferencing တွင် မြန်မာ့တပ်မတော်မှ စစ်ဦးစီးအရာရှိ ချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်တပ်မတော်အရာရှိကြီးများ၊ ဘရူနိုင်းနိုင်ငံမှ Brigadier General Haji Abdul Razak bin Haji Abdul Kadir နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ကမ္ဘောဒီးယားနိုင်ငံမှ Major General Pen Sokrethvithyea နှင့်ကိုယ်စားလှယ်အဖွဲ့များ၊ အင်ဒိုနီးရှားနိုင်ငံမှMajor General Tiopan Aritonang နှင့်ကိုယ်စားလှယ်အဖွဲ့များ၊ လာအိုနိုင်ငံမှ Brigadier General Sonethong Keolokham နှင့်ကိုယ်စားလှယ်အဖွဲ့များ၊ မလေးရှားနိုင်ငံမှ Major General Hashim bin Aman Shah နှင့်ကိုယ်စားလှယ်အဖွဲ့များ၊ ဖိလစ်ပိုင်နိုင်ငံမှMajor General Edgardo Y. De Leon နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ စင်ကာပူနိုင်ငံမှ Brigadier General Ho Kum Luem နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ထိုင်းနိုင်ငံမှ Lieutenant General Chitchanok Nujjaya နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ဗီယက်နမ်နိုင်ငံမှ Major General Nguyen Duc Can နှင့်ကိုယ်စားလှယ်အဖွဲ့များ ပါဝင်ဆွေးနွေးကြသည်။

ဦးစွာ 11th ASEAN Military Operation Meeting (11th AMOM) ဥက္ကဋ္ဌ ဘရူနိုင်းဘုရင့်တပ်မတော်မှ Brigadier General Haji Abdul Razak bin Haji Abdul Kadir က အဖွင့်မိန့်ခွန်းပြောကြားသည်။

ထို့နောက် " စစ်ဘက်ဆိုင်ရာ စုစည်းပူးပေါင်းဆောင်ရွက်ရေးအတွက် ဂရုပြု၊ ပြင်ဆင်၊ အောင်ပွဲဝင်( We Care, We Prepare, We Prosper towards an Integrated ASEAN Military Cooperation) " အပေါ်အမြင်များအား နိုင်ငံအလိုက် အလှည့်ကျဆွေးနွေးကြသည်။ ဆက်လက်၍ အာဆီယံတပ်မတော်များ၏ ၂ နှစ် လုပ်ငန်း စီမံချက်အား ဆွေးနွေးအတည်ပြုခြင်းအပါအဝင် အခြားကိစ္စရပ်များအား ဆွေးနွေးကြသည်။

ယင်းနောက် (11th AMOM) ဥက္ကဋ္ဌ ဘရူနိုင်းဘုရင့်တပ်မတော်မှ Brigadier General Haji Abdul Razak bin Haji Abdul Kadir က အပိတ်မိန့်ခွန်း ပြောကြားပြီး 12th ASEAN Military Operation Meeting (12th AMOM) ကို အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ကမ္ဘောဒီးယား တပ်မတော်မှ Major General Pen Sokrethvithyea ထံသို့ ဥက္ကဋ္ဌတာဝန်များအား လွှဲပြောင်းပေးအပ်သည်။

ထို့နောက် ကမ္ဘောဒီးယား တပ်မတော်မှMajor General Pen Sokrethvithyea က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အစည်းအဝေးအောင်မြင်စွာပြီးစီးခဲ့ကြောင်း သတင်း ရရှိသည်။