(၁၈)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေး (18th ASEAN Military Intelligence Meeting-AMIM-18) ကျင်းပ 

(၁၈)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေး (18th ASEAN Military Intelligence Meeting-AMIM-18) ကျင်းပ 
 

နေပြည်တော် မတ် ၁၆ 
 

(၁၈)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်း ရေးမှူးချုပ်များအစည်းအဝေး(18th ASEAN Military Intelligence Meeting-AMIM-18) ကိုVideo Conferencing စနစ်ဖြင့် ယနေ့နံနက်ပိုင်းတွင်ပြုလုပ်သည်။ 
 

အဆိုပါ Video Conferencing တွင် မြန်မာ့တပ်မတော် မှ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ဘရူနိုင်းနိုင်ငံမှ Lieutenant General Hun Manithနှင့် ကိုယ်စားလှယ် အဖွဲ့များ၊ ကမ္ဘောဒီးယားနိုင်ငံမှMajor General Andjar Wiratma နှင့်ကိုယ်စားလှယ်အဖွဲ့များ၊ အင်ဒိုနီးရှားနိုင်ငံမှMajor General Andjar Wiratma နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ လာအိုနိုင်ငံမှ Major General Thongvanh Chanthavong နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ မလေးရှားနိုင်ငံမှ Lieutenant General Datuk Ahmad NorihanBin Jalal နှင့်ကိုယ်စားလှယ်အဖွဲ့များ၊ ဖိလစ်ပိုင်နိုင်ငံBrigadier General Charlton SeanGaerlan နှင့် ကိုယ်စားလှယ်အဖွဲ့များ၊စင်ကာပူနိုင်ငံမှ Brigadier General NgChad-Sonနှင့် ကိုယ်စားလှယ်အဖွဲ့များ၊ထိုင်းနိုင်ငံမှLieutenant General NateeWongissares နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ဗီယက်နမ်နိုင်ငံမှLieutenant GeneralPham Ngoc Hung နှင့်ကိုယ်စားလှယ်အဖွဲ့များ ပါဝင်ဆွေးနွေးကြသည်။ 
ဦးစွာ 18 th ASEAN Military IntelligenceMeeting(AMIM-18) ဥက္ကဋ္ဌဘရူနိုင်းဘုရင့်တပ်မတော်မှ ColonelHaji Mohammad Muluddin Bin AwangHaji Latif က အဖွင့်မိန့်ခွန်းပြောကြားသည်။ 
 

ထို့နောက် "ဂရုပြု၊ ပြင်ဆင်၊ အောင်ပွဲဝင်(We Care, We Prepare, We Prosper) "ခေါင်းစဉ်အပေါ်အမြင်များအား နိုင်ငံအလိုက်အလှည့်ကျဆွေးနွေးကြသည်။ ဆက်လက်၍ အာဆီယံ ထောက်လှမ်းရေးအရာရှိငယ်များအပြန်အလှန်ခရီးစဉ်ဖလှယ်ရေးကိစ္စရပ်များ၊အာဆီယံစစ်ဘက်ဆိုင်ရာထောက်လှမ်းရေး အသိုက်အဝန်းတည်ထောင်ရေးဆိုင်ရာကိစ္စ ရပ်များနှင့်ပတ်သက်၍ တက်ရောက်လာကြသူများက ဆွေးနွေးကြသည်။ 
 

ယင်းနောက်AMIM-18 ဥက္ကဋ္ဌ ဘရူနိုင်းဘုရင့်တပ်မတော်မှ Colonel Haji MohammadMuluddin Bin Awang Haji Latifကအပိတ်မိန့်ခွန်းပြောကြားပြီး 19 thASEAN Military Intelligence Meeting(AMIM-19) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ကမ္ဘောဒီးယားဘုရင့်တပ်မတော်မှLieutenant General Hun Manithထံသို့ ဥက္ကဋ္ဌတာဝန်များအား လွှဲပြောင်းပေးအပ်သည်။ 
 

ထို့နောက် ကမ္ဘောဒီးယားဘုရင့်တပ်မတော်မှLieutenant General Hun Manithက လွှဲပြောင်းလက်ခံမှုမိန့်ခွန်းပြောကြားပြီးအစည်းအဝေးအောင်မြင်စွာပြီးစီးခဲ့ကြောင်းသတင်းရရှိသည်။