၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပြေးနှုန်းအကောင်းဆုံး ကစားသမားစာရင်းတွင် ဘိုင်ယန်မြူးနစ် အသင်းကစားသမား အယ်လ်ဖွန်ဆိုဒေးဗီးလ် ထိပ်ဆုံးမှရပ်တည်

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပြေးနှုန်းအကောင်းဆုံး ကစားသမားစာရင်းတွင် ဘိုင်ယန်မြူးနစ် အသင်းကစားသမား အယ်လ်ဖွန်ဆိုဒေးဗီးလ် ထိပ်ဆုံးမှရပ်တည်

ကမ္ဘာ့ဘောလုံးလောကမှ    စံချိန်မှတ်တမ်းများကို  စစ်တမ်းကောက်ယူဖော်ပြနေသည့် OPTA ၏ ဖော်ပြချက်အရ  ၂၀၂၀-၂၀၂၁  ဘောလုံးရာသီ ပြေးနှုန်းအကောင်းဆုံး ကစားသမားစာရင်းတွင် ဘိုင်ယန်မြူးနစ်အသင်းကစားသမား    အယ်လ်ဖွန်ဆိုဒေးဗီးလ်က ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

OPTA ၏ စစ်တမ်းကောက်ယူဖော်ပြချက်များအရ ပြေးနှုန်းအကောင်းဆုံး ကစားသမားစာရင်းတွင် လူငယ်ကစားသမား အများစုသာပါဝင်ခဲ့ပြီး အသင်းကြီးမှ  ကစားသမားအဖြစ်  အာဆင်နယ်အသင်း တိုက်စစ်မှူး အူဘာမီယန်းသာ ပါဝင်လာ သော်လည်း ပြေးနှုန်းအားကောင်းမွန်သည့် မန်ယူအသင်း တိုက်စစ်မှူး  ရက်ရှ်ဖို့ဒ်  အံ့အားသင့်ဖွယ် မပါဝင်ခဲ့ခြင်းဖြစ်သည်။

အယ်လ်ဖွန်ဆိုဒေးဗီးလ်က ပွဲကစားချိန်များတွင် တစ်နာရီလျှင် ၃၆ ဒသမ ၅၁ ကီလိုမီတာအထိ ပြေးနှုန်းအားရှိနေပြီး ပြေးနှုန်းအကောင်းဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပြေးနှုန်းအကောင်းဆုံး ကစားသမားစာရင်းတွင် အယ်လ်ဖွန်ဆို ဒေးဗီးလ်၏နောက်၌ ဒေါ့မွန်အသင်းတိုက်စစ်မှူး ဟာလန်းက တစ်နာရီလျှင် ၃၆ ဒသမ ၀၄ ကီလိုမီတာ၊ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး    အမ်ဘတ်ပီက တစ်နာရီလျှင် ၃၆ ကီလိုမီတာ၊ အာဆင်နယ်အသင်း တိုက်စစ်မှူး  အူဘာမီယန်းက တစ်နာရီလျှင် ၃၅ ဒသမ ၅ ကီလိုမီတာနှုန်းဖြင့် ပြေးနိုင်ခဲ့ကြခြင်းဖြစ်သည်။

အလားတူ ခန္ဓာကိုယ်ဖွဲ့စည်းပုံကြီးမားသော်လည်း လျင်မြန်သည့် ဘောလုံးကစားပုံဖြင့် နာမည်ကြီးသော ဝုဗ်အသင်းတိုက်စစ်မှူး ထရာအိုရေးက တစ်နာရီလျှင်  ၃၅ ဒသမ ၃၂ ကီလိုမီတာနှုန်း၊ လီဗာပူးအသင်း တိုက်စစ်မှူး ဆာလက်ချ်က တစ်နာရီလျှင် ၃၅ ကီလိုမီတာနှုန်းနှင့် ဘိုင်ယန်မြူးနစ်အသင်းကစားသမား ကိုင်စလေကိုးလ်မန်းက တစ်နာရီလျှင် ၃၄ ဒသမ ၈၃ ကီလိုမီတာနှုန်းဖြင့် ရပ်တည်ခဲ့ကြခြင်းဖြစ်သည်။

Ref:OPTA