၂၀၂၁ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါကြောင့် အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့် ရရှိထားသည့် ဂျပန်နိုင်ငံမှ တခြားနိုင်ငံတစ်နိုင်ငံသို့ပြောင်းလဲကျင်းပရန်စီစဉ်

ဂျီနီဗာ၊ ဘောလုံး

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က  ၂၀၂၁ ကလပ်ကမ္ဘာ့ ဖလားပြိုင်ပွဲကို  အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိ ထားသည့် ဂျပန်နိုင်ငံမှ    တခြားနိုင်ငံတစ်နိုင်ငံသို့ ပြောင်းလဲကျင်းပရန်   စီစဉ်လျက်ရှိကြောင်း   သိရ သည်။

အစောပိုင်းက ၂၀၂၁ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို  ဒီဇင်ဘာ ၉ ရက်မှ  ၁၉ ရက်အထိ   ဂျပန်နိုင်ငံ၌ ကျင်းပရန်စီစဉ်ထားသော်လည်း လက်ရှိ ဂျပန်နိုင်ငံ ၌  ကိုဗစ်-၁၉  ရောဂါဖြစ်ပွားမှုများရှိနေဆဲဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းများ၏ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက် ၍  အာမခံချက်မရှိသည့်အတွက်    အိမ်ရှင်နိုင်ငံကို ပြောင်းလဲကျင်းပရန်စီစဉ်နေခြင်းဖြစ်ကြောင်း   သိရ သည်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၀၀ ပြည့်နှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါပြိုင်ပွဲကို အာရှ ချန်ပီယံလိဂ်(အာရှဇုန်)၊    အာဖရိကချန်ပီယံလိဂ်(အာဖရိကဇုန်)၊ ကွန်ကာကပ်ဖ်လိဂ်(မြောက်အမေရိကဇုန်)၊    ကိုပါလီဘာတေဒိုးရက်စ်ပြိုင်ပွဲ   (တောင်အမေရိ ကဇုန်)၊ အိုအက်ဖ်စီချန်ပီယံလိဂ် (သမုဒ္ဒရာပိုင်း ဇုန်)နှင့် ဥရောပချန်ပီယံလိဂ်(ဥရောပဇုန်) စသည့် တိုက်ကြီးများအလိုက်  ချန်ပီယံဆုများ ဆွတ်ခူးနိုင်ခဲ့ သည့်အသင်းများဖြင့် ကျင်းပခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိထား သည့်အသင်းများအဖြစ် ဥရောပဇုန်မှ ဥရောပချန်ပီယံ လိဂ်ချန်ပီယံ ချယ်လ်ဆီး အသင်း၊ အာဖရိကချန်ပီယံ လိဂ် ချန်ပီယံအယ်ဟာလီအသင်း၊ သမုဒ္ဒရာပိုင်းဇုန်မှ အော့လန်းစီးတီးအသင်း စသည့်အသင်းများ ထွက် ပေါ်ခဲ့ပြီဖြစ်သော်လည်း ကျန်အသင်းများအနေဖြင့် မသိရှိရသေးဘဲ သက်ဆိုင်ရာဇုန်အလိုက် ပြိုင်ပွဲများ ကစားပြီးမှသာ သိရမည် ဖြစ်ပြီး  ၂၀၂၀ ပြည့်နှစ်က ကျင်းပသည့်ပြိုင်ပွဲတွင်   ဘိုင်ယန်မြူးနစ်အသင်းက ချန်ပီယံဆုဆွတ်ခူးထားကြောင်း သိရသည်။

Ref;Dailymail