၂၀၂၁ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

နေပြည်တော်၊ မေ - ၁၇

၂၀၂၁ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကို ယနေ့မွန်းလွဲပိုင်းတွင် မိတ္ထီလာမြို့၊ မြေပြင်အတတ်သင်လေတပ်စခန်းဌာနချုပ်၊ အားက စားကွင်း၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်ချုပ် စိုးအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား လေကြောင်းအတတ်သင်လေတပ် စခန်းဌာနချုပ်၊ လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်ချုပ် စိုးအောင် က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ အဖွင့်ပွဲစဉ်ဖြစ်သည့် မြေပြင်အတတ်သင်လေတပ်စခန်းအသင်းနှင့် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် အသင်း တို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါပြိုင်ပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)ကွပ်ကဲမှုအောက်ရှိ လေတပ် စခန်း၊ ဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း(၁၀)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲ ကို ဇွန် ၇ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။