၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ မေ - ၂၈

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ တပ်မတော် သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အောင်ငြိမ်း အေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင် နှင့် အရာရှိ၊ စစ်သည်၊ မိသားစု များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန် ရှိသူများက ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်များနှင့် နှာခေါင်းစည်း (Mask)များကို ထောက်ပံ့ပေးအပ်သည်။

အလားတူ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အနော်ရထာခန်းမ ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန် ရှိသူများက ကျောင်းသား၊ ကျောင်းသူ ၁၃၆၀ ဦးအတွက် ကျောင်းဝတ်စုံနှင့် စာရေး ကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။